Episode - 27

4.4K 311 26
                                    

သောကြာနေ့တစ်နေ့ အတွက် တာဝန် ထမ်းဆောင်ရမည့် နေမင်းကြီး မပေါ်ထွက်လာခင် အရုဏ်တက်ကတည်းက တိမ်တိုက်ကြိုးလေးတစ်ယောက် နိုးနေပြီဖြစ်သည်။ ဒီနေ့အတွက် ရင်ခုန်ရလွန်းလို့လည်း မနေ့ညက ကောင်းကောင်းအိပ်မပျော်။

ကုတင်ဘေးက စားပွဲပေါ်တွင်တင်ထားသော ပြက္ခဒိန် ရွိ ဩဂုတ်လ စာမျက်နှာ၏ ပထမအပတ် တွင် ရက်တစ်ရက်အား အသဲပုံလေးလုပ်ကာ အနီရောင် ဆော့ပင်လေး နဲ့ ဝိုင်းထားသည်။

ဘာလိုလိုနဲ့ မောင့်ချစ်သူဖြစ်တာ ၃လတောင်ရှိလေပြီ။ မောင်နှင့် ချစ်သူစဖြစ်တဲ့ရက်ကိုတောင် ပြန်တွေးမိရင်း မျက်နှာတောင်ပူလာသည်။
အဲ့ညက လူမွာ ခွေမကျရုံတစ်မယ်ပင် ​မဟုတ်လားလေ။

မောင့်ကိုချစ်နေရသည့်နေ့ရက်တိုင်းက ပျော်ရွှင်စရာများလည်းရှိသလို ဝမ်းနည်းစရာများလည်းရှိနေတတ် သည်။ မောင် ဂရုတစိုက်ရှိသော အချိန်များတွင် မောင့်အကြင်နာများကြာင့်ပျော်ရွှင်ရပြီး မောင့်မာနသိက္ခာတွေနဲ့ယှဉ်လာလျှင် ဒုတိယနေရာသို့ ရောက်ရောက်သွားတတ်သောအချိန်များတွင်တော့ မောင့်ဥပေက္ခာတွေကြောင့် ဝမ်းနည်းရပြန်သည်။

ကျွန်တော် မိန်းကလေးတွေနဲ့ တြဲသြားတြဲလာ လုပ်မိရင် မောင်ဟာ အင်မတန်မှ စိတ်ဆိုးတတ်ပြီး သဝန်ကိုလည်း အတိုင်းအဆမရှိ တိုတတ်သေးသည်။ သို့သော် မောင် မိန်းကလေးတွေနဲ့ တွဲသွားတွဲလာလုပ် သည့်အခါမျိူးတွင် ကျွန်တော့်မှာ စောဒက တက်ပိုင်ခွင့်မရှိ။

မောင်က လူကြီးဆန်ပြီး ရင့်ကျက်သည့်ပုံပေါ်သော်လည်း ကျွန်တော်နှင့်ပတ်သက်လာလျှင် ကလေးဆန်နေတတ်သည်ကို ကျွန်တော်တစ်ယောက်သာ သိလိမ့်မည်ဖြစ်သည်။

မောင်စိတ်ဆိုးသည့်အခါ ကျွန်တော် လိုက်ချော့ရသလို။ ကျွန်တော်စိတ်ဆိုးသည့်အခါတွင်လည်း မောင့်ကို ကျွန်တော်ပြန်ချော့ရပြန်သည်။ အချော့ခံချင်လျှင် မောင်နဲ့နှစ်ယောက်တည်းရှိနေချိန် စိတ်ကောက်လို့တော့ ရသည်။

Public မှာ မည်မျှပင် စိတ်ကောက်ကောက် မောင်ဟာ ဘယ်တော့မှ လိုက်ချော့လေ့မရှိ။
တခါက ကားဂိတ်တွင် မောင့်ကို စိတ္ဆိုးကာ အော်လိုက်မိသည့်အခါရှိသည်။ ဒါကိုမောင်စိတ်ဆိုးသွားသောအခါ မောင့်တိုက်ခန်းထိ ကျွန်တော်လိုက်ချော့လိုက်ရသည်။ လူကြားထဲ ကျွန်တော်အော်မိသည်ကိုသာ မောင်ကစိတ်ဆိုးနေပြီး အော်လိုက်မိသည့်အကြောင်းအရင်းကိုတော့ မောင်ဟာ ဘယ်တော့မှမမေးသလို အဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြန်ချော့ခြင်းလည်းမရှိခဲ့ပေ။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now