ကျေးဇူးတင်လွှာ 💛💛

1.8K 124 26
                                    

မင်္ဂလာပါ စာဖတ်သူလေးတို့ရေ.....

Notwithstanding လေးက ၆လသက်တမ်းအကြာမှာ တငိုငိုတရီရီနဲ့အဆုံး သတ်ခဲ့ပါပြီ။

ပထမဆုံး စရေးဖူးတဲ့ Fic မို့ အများကြီးလေ့လာပြီး ကြိုးစား ခဲ့ရပါတယ်။ အဲ့သည့်ကြားထဲကပဲ   လိုအပ်ချက်တွေ အများကြီးရှိပါသေးတယ်။

သာသာရေ ဆိုပြီး လာထောက်ပြပေးတဲ့ သူတွေ ရှိနေတဲ့အတွက်လည်း ရိပ်ခက် အင်မတန်မှ ကျေနပ်မိပါတယ်။

ဘာလို့ဆို သာသာ က fic ကို တစ်ခါတလေ လောလော လောလောနဲ့ရေးမိတယ်။ တစ်ခါတလေ အချက်အလက်တွေ သေချာ မရှာခဲ့မိတာကြောင့် လစ်ဟာနေတဲ့ ဟာကွက်တွေလည်း အများကြီး ရှိတယ်။

Edit. ...ပြီးတော့ သာသာ တစ်ချိူ့ BC တွေ မသိလိုက်ပဲ ပါသွားတာရှိပါတယ်။ ရေးနေရင်း အရှိနိပါသွားတဲ့အခါ သတိမထားမိတာမျိူးတွေ ဖြစ်ဖြစ်သွားတာပါ။ ဇာတ်လမ်းအပေါ် စိတ်နှစ်မိလိုက်ရင် အဲ့တာတွေ ခန မေ့သွားလို့ပါ.... အစကနေပြန်တင်တဲ့အခါ ကျ သေချာဂရုစိုက်ပြီး ပြန်ပြင်ပေးထားပါ့မယ်နော်...

ဒီလို ကောင်းသလိုလို မကောင်းသလိုလိုနဲ့အတူ ဒီအချိန်ထိ ရှိနေပေးကြတဲ့ စာဖတ်သူလေးတွေကို လည်း သိပ်ချစ်ရပါတယ်။

ပြီးတော့ တောင်းပန်ချင်ပါတယ်.... သာသာ ရဲ့
မပြည့်ဝမှုကြောင့် တစ်ချိူ့ နေရာတွေမှာ ဖတ်ရတာ ထောက်သွားတာတွေအတွက်ပါ။

ဘာပဲပြောပြော.... မည်သို့ပင်ဖြစ်စေ ပေါ့....ကောင်းကောင်းဆိုးဆိုး သာသာနဲ့အတူ ရှိပေးခဲ့ကြတဲ့အတွက် တကယ် အားရပါတယ်။

ယူတို့က တိုင်ပင်ဖော်တွေလည်းဟုတ်တယ် ဆွေးနွေးဖော်တွေလည်း ဟုတ်တယ်..နောက်ဆုံး သာသာအတွက် အားဖြစ်စေတဲ့သူလေးတွေပါ။

ဒါကြောင့်  အရမ်း..အရမ်းကို...ကျေးဇူးတင်ပါတယ်။

❗❗❗❗❗

နောက်ပြီး Notwith လေးက Extra လေးတွေလာပါမယ်။ သို့ပေမယ့် ကြာပါဦးမယ်နော်။

အားလုံးကို ခေါရ်ပွန်ခပါ လို့ ဆည်းဆာမောင်လေးနဲ့အတူ နှုတ်ဆတ်ပါတယ် 😘😘😘


ဒီလို ကောင်းသလိုလို မကောင်းသလိုလိုနဲ့ ရိပ်ခက်နဲ့အတူ ဒီအချိန်ထိ ရှိနေပေးကြတဲ့ စာဖတ်သူလေးတွေကို လည်း သိပ်ချစ်ရပါတယ်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now