Episode - 29

6.7K 330 16
                                    

🔞 This Part contains mature scenes 🔞🔞Read your own risks. ...

မိုးအေးအေးဖြင့် မီးဖိုချောင်ထဲ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ခွန်းတစ်ယောက် အလုပ်ရှုပ်နေသည်။ တိမ်တိုက်တို့ သားအမိကတော့ အိမ်ရှေ့ဧည့်ခန်းမှာ အေးအေးလူလူပင် TV ထိုင်ကြည့်နေကြသည်။

ဖြစ်ပုံက ဒီလို..

ထမင်းကြော်ဖို့လုပ်နေသော ဒေါ်ယုယမြိုင်နားသွားပြီး

'' အန်တီတို့ နားလေ ကျွန်တော် ကြော်လိုက်မယ်။ ညကလည်းပင်ပန်းထားကြတာကို ''

'' အမလေးလေး မလုပ်ပါနဲ့ သားရယ် ဧည့်သည့်ကို ခိုင်းလို့ဘယ်ဖြစ်မလဲ ကွဲ့ ''

'' ကျွန်တော်က ဧည့်သည်မှ မဟုတ်တာ အန်တီရယ်။ အေးအေးဆေးဆေးသွားနားနော် ရရင်ကျွန်တော်လာခေါ်လိုက်မယ် ။ ကျွန်တော် ထမင်းကောင်းကောင်းကြော်တတ်ပါတယ် ''

မီးဖိုခန်းထဲကနေ ဒေါ်ယုယမြိုင်ကို အတင်းနှင်လွှတ်ပြီး ထမင်းကြော်ဖို့စပြင်တော့သည်။

ရေခဲသေတ္တာထဲရှိသည့် အသီးအရွက်တွေကိုဆေးကြောသန့်စင်ကာ လှီးဖြတ်ထားသည်။ ကြက်သားကို ပြုတ်ပြီး အတုံးသေးသေးလေးတွေ လှီးထားလိုက်သည်။ ခွန်းတို့ ပုံစံအတိုင်း ပြောင်းဖူးစေ့လေးတွေက မပါလို့မဖြစ်။ ပြုတ်ပြီး တစ်စေ့ချင်းခြွေထားသည်။

ခွန်းကြော်သော ထမင်းကြော်နံ့လေးက အိမ်ရှေ့ခန်းက တိမ်တိုက်တို့သားအမိဆီတောင် သင်းသင်းလေး မွှေးပြန့်လာသည်။ အိပ်ကောင်းကောင်းနဲ့အိပ်ခဲ့ကြ၍ ဘာမှမစားခဲ့သော သူတို့ သားအမိနှစ်ယောက် ထမင်းကြော် အနံ့ကြောင့် ဗိုက်တောင် ပိုဆာနေသလိုပင်။ ထိုထဲတွင် တိမ်တိုက်ကြိုးက အဆိုးဆုံးဖြစ်လိမ့်မည်။

'' သား... ခွန်းကို သွားကူလိုက်ဦးလေ ''

ဘယ်တုန်းကတည်းက သွားကူချင်နေမှန်းမသိသော တိမ်တိုက်တစ်ယောက် ဒေါ်ယုယမြိုင် စကားလည်းအဆုံး သူလည်း မီးဖိုချောင် အရောက်ဖြစ်နေသည်။

မြန်လိုက်တဲ့ခြေလှမ်းတွေပါဟယ်.....

မီးဖိုချောင်ထဲ သူ့ကိုကျောပေးကာ ခွန်းတစ်ယောက် ထမင်းကြော် နေသည်။ တိမ်တိုက်၏ အကြီးဆုံး တီရှပ်နှင့် ကွက်တိဖြစ်နေသော ခွန်း ခန္ဓာကိုယ် မှာ အနောက်ကကြည့်မှ ထွားမှန်း တော်တော်သိသာသည်။ အဖုအထစ်တွေနဲ့လက်မောင်းသန်သန်ကြီးတွေက ဇွန်းခွက်ကို ကိုင်ကာ အားရပါးရ ကြော်နေသည်။ ရေမခြောက်တခြောက် ဆံပင်တို့ကလည်း ခွန်းနဖူးပေါ်အပြည့်နေရာယူထားသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now