Episode - 28

4.5K 311 18
                                    

မိုးများသည်းကြီးမဲကြီးရွာနေသော ညရဲ့လမ်းမကြီးဘေးတစ်နေရာတွင် တစ်ကိုယ်လုံးစိုရွှဲနေကာ ကားတားနေသောကောင်လေးတစ်ယောက်ရှိသည်။ နောက်ကျနေပြီမို့ လိုင်းကားများက မသေချာတော့။ အိမ်အမြန်ပြန်ရောက်ဖို့က ထိုကောင်လေးအတွက် အရေးကြီးနေသည်။

သည်နေ့ညမှ ကားများမှာအလာကျဲနေပြီး လာသော ကားများမှာလည်း နောက်ကျနေပြီမို့ မင်္ဂလာဒုံထိ ဘယ်ကားမှ မလိုက်။ ထို့ပြင် တစ်ကိုယ်လုံး မိုးရေရွှဲနေသော သူ့ကို ဘယ်ကားသမားမှလည်း ကားပေါ်မတင်ချင်ကြပေ။

ဒီကြားထဲ အေးလွန်း၍လည်း နှုတ်ခမ်းများတောင် တုန်ခိုက်နေပြီး အစာမရှိသော အစာအိမ်မှာလည်း တဖြည်းဖြည်း နာလာသလိုရှိနေသည်။

လွယ်အိတ်တွေပါ ရေစိုကုန်ပြီဖြစ်သောကြောင့် အိတ်ထဲမှ ဖုန်းကတော့ ပြင်ဆိုင်ထပ်ရောက်တော့မည်။ သည်မိုးရာသီအတွင်း ထီးမပါလာ၍ ဖုန်းရေစိုပြီး ပြင်ဆိုင်ခနခနရောက်သည်။

အရှိန်နှင့်ကျလာသော မိုးရေစက်များကြောင့် မျက်နှာတို့ပါ စပ်လာသည့်အပြင် ငိုထားသောမျက်လုံးများကလည်း ကျိန်းစပ်နေပြီ။ နောက်ဆုံး မရသည့်အဆုံး ကားတစ်စီးကို ပိုက်ဆံပိုပေးပါ့မသည်ဟု အတင်းတောင်းပန်ကာ တက်စီးလာလိုက်သည်။

အိမ်ရောက်တော့ လွယ်အိတ်ထဲတွင် နေ့လည်က ဝယ်ခြမ်းလို့ပိုသော ပိုက်ဆံအကုန်လုံးကို ကားသမားကိုပေးခဲ့ပြီး အိမ်ထဲအမြန်ဝင်လာလိုက်သည်။

'' ဟယ် သားရယ် ဘယ်လိုဖြစ်လာတာလဲ တစ်ကိုယ်လုံးလည်းအေးစက်နေတာပဲ ''

တစ်ကိုယ်လုံးတုန်ယင်ကာ အိမ်ထဲပြေးဝင်လာသော တိမ်တိုက်ကို ဒေါ်ယုယမြိုင် ကရုဏာမျက်လုံးများနှင့် ကြည့်ကာမေးရှာသည်။ ပန်းရောင်သန်းနေကျနှုတ်ခမ်းတို့မှာ အပြာရောင် ဖျော့ဖျော့ ဖြစ်နေပြီ။ ချမ်းလွန်းလို့ထင်ပါသည် တိမ်တိုက်ခမျာ စကားတောင် ပြန်မပြောနိုင်ပဲဖြစ်နေသည်။

နောက်ဆုံးပြောဖို့ ကြိုးစားရင်းထွက်လာသည့်စကားက...

'' ကို...ကို..ခွန်း..ကို ပြန်ရောက်...ပြော..ပေး..ပါ ''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now