Episode - 56

4.5K 301 20
                                    

စာသင်နှစ်အစပိုင်းတွင်တော့ တော်တော်လေးအဆင်ပြေကြသည်။ ကျောင်းအသစ်၊ ကျောင်းသားအသစ်များ ၊ ဆရာ ဆရာမ အသစ်များနှင့် အရာအားလုံးဟာ သူ့နေရာနှင့်သူ အသားကျသည်။

ပထမတွင်တော့ ခွန်းတစ်​ယောက် တိမ်တိုက်ကို အချိန်ပေးနိုင်သည်။ ကျောင်းပိတ်ရက်များနှင့် ညနေကျောင်းဆင်းချိန်များတွင် တိမ်တိုက်နှင့်အတူ အချိန်ဖြုန်းလေ့ရှိသည်။

သို့သော် နှစ်ဝက်ကျော်လာသောအခါတွင်တော့ ခွန်း အိမ်ပြန်များနောက်ကျလာသည်။ ပိတ်ရက်ဆိုလျှင်လည်း ကျောင်းသွားရင်သွား မဟုတ်လျှင် ဦးမာန်ခွန်းစစ်က လှမ်းခေါ်သည်။ ထို့ကြောင့် တိမ်တိုက် နှင့် ချစ်ကြည်နူးတစ်တီတူး ချိန်များဟာ သိသိသာသာ လျော့နည်းလာသည်။ ဖုန်းကတော့ အမြဲဆက်ဖြစ်နေ၍သာ တော်တော့သည်။

ပထမတော့ ခွန်းက အဖော်လုပ်ပေး၍ မသိသာသော်လည်း ခွန်း မအားလပ်သည်များ နေ့စဥ်ဆက်တိုက် ဖြစ်လာသည်မို့ တိမ်တိုက် တစ်ယောက် တဖြည်းဖြည်း ပျင်းလာသည်။

ခရီးထွက်မည်ပြောတော့ တစ်ယောက်တည်းမို့ မသွားရဆိုကာ တားကြပြန်သည်။ အလုပ်လုပ်မည်ဆိုပြန်တော့လည်း ရှာကျွေးနိုင်သည်ဟုဆိုကာ တားကြပြန်သည်။

နောက်ဆုံး ဒေါ်ယုယမြိုင်ဆီ အပူကပ်ကာ ရွှေဆိုင်များကို ဦးစီးရာတွင် ဝင်ကူသည်။ ဒေါ်ယုယမြိုင်စကားဆိုလျှင် ခွန်းက မလွန်ဆန်တာမို့ ဒေါ်ယုယမြိုင်ကို အချိူသတ်ပြီး အလုပ်ဝင်လုပ်နေ​ေတာ့သည်။

နောက်လည်း ဦးစီးရမည့် လုပ်ငန်းဖြစ်တာကြောင့်အခုကတည်းက ပြင်ဆင်ထားရမည် ဘာညာ နှင့် အတင်းကာရော ဝင်လုပ်နေတာပင်ဖြစ်သည်။

ေနာက်ပိုင်းတွင်တော့
အသုံးမကျဘူးဟုဆိုသော်လည်း တကယ့်လုပ်ငန်းခွင်တွင်တော​့ တိမ်တိုက် ကစေ့စပ်သေချာစွာ လုပ်တတ်လေ သည်။ လုပ်ငန်းပါတနာတွေနှင့် ပြောဆိုဆက်ဆံရာတွင်လည်း လိမ္မာပါးနပ်သည်။

ဒေါ်ယုယမြိုင်တစ်ယောက် ကတော့ သူမ၏ သား ဟာ သည်လောက် အရည်အချင်းရှိလိမ့်မည်ဟုမထင်ခဲ့မိတာ အမှန်ပင်။

'' ငါ့သား ဒီလိုကျ ဘယ်ဆိုးလိမ့်တုန်း။ တစ်သက်လုံး ခွန်း ရဲ့က​လေးလေး ပဲလုပ်တော့မှာလားလို့ထင်နေတာ ''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now