Episode - 21

4.5K 347 20
                                    


အဖြူအစိမ်းအများအပြားကြားထဲတွင် ရှန်မင်းဘေးမှာတော့ မိန်းကလေးရှုံးအောင် လှပေနေသာ ခရမ်းရောင်ဆံပင်နှင့် အကောင်ဖြူလေးရှိနေသည်။ ခွန်းပြသာနာကိုပဲ စိတ်ဝင်စားနေကြတဲ့သူများရှိသလို သက်တန့်ကို စိတ်ဝင်စားသော သူအချိူ့လည်းရှိနေသေးသည်။ သက်တန့်မှာ တော်ရုံ လှသည့် ကောင်လေးမျိူး မဟုတ်ပေ။ဒါကြောင့် သည်လိုအချိန်မျိူးဆိုလျှင်
ရှန်မင်းခက်တို့ ရှိရင်းစွဲထက် မျက်နှာ ပိုပွင့်သည်။

တိုက်ဆိုင်မှုဆိုသော အရာမှာလည်း အငြိမ်မနေ။ ရှန်မင်းခက်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ပင်။

မျက်နှာချင်းဆိုင် တည့်တည့်တွင် သူတွဲခဲ့သော ကောင်ငယ်လေး ရောင်ဖြာငယ် လျှောက်လာနေသည်။ တစ်လမ်းတည်းရှိသည်မို့ ထိပ်တိုက်တွေ့ဖို့သာရှိသည်။ အမှန်ဆို ယခုထိ ရောင်ဖြာငယ်ကို ရှန်မင်း အားနာနေရတုန်းဖြစ်သည်။ ရောင်ဖြာက သူ့ကို သိပ်ချစ်တာလေ။

'' ကို... အမ် အကိုရှန်မင်း ''

ရောင်ဖြာအရင်စခေါ်သည်။ အစကတည်းက အခြေအနေမဟန်သော သက်တန့် ကြောင့် မျက်ခုံးလှုပ်နေသော အဒွေးမှာ ရောင်ဖြာငယ်ပါထပ်ရောက်လာ၍ နေရာတွင် ထွက်ပြေးချင်စိတ်များ ပေါ်လာသည်။ ဒီနေ့ အဒွေးဖို့ကတော့ ပါဝင်ရသော ပွဲအရေအတွက်မှာ လုံလောက်နေလေပြီ။ ခွန်းကိုဝင်ဆွဲရတာကတစ်မျိူး တိမ်တိုက်ကတစ်မျိူး ရှန်မင်းက တစ်မျိူး သက်တန့်၏မျက်စောင်းကတစ်မျိူး ။ ဟော အခုလည်း ရည်းစားဟောင်းနှင့် ရည်းစားသစ်တို့ တွေ့ဆုံပွဲကိုတော့ မပါဝင်ချင်တော့။ ဒီနေ့သူ အတော်ပင်ပန်းနေပြီဖြစ်သည်။ ဒါကြောင့် အရင်သွားနှင့်မည်ဟု ပြောကာ အမြန် လစ်ထွက်လာတော့သည်။

'' ဪ ရောင်ဖြာပါလား မပြန်သေးဘူးလား ''

အဆောင်နေလေ့မရှိတာမို့ လာလည်တာပဲဖြစ်လိမ့်မည်။

'' အင်း ခုပဲ ပြန်တော့မလို့ သူငယ်ချင်းဆီခနလာတာ ဒါက...''

ဘေးမှ သက်တန့်ကို ကြည့်ကာ ရောင်ဖြာမေးသည်။ အခုတလော ရောင်ဖြာလည်း သူ့အာရုံနှင့်သူမို့ ရှန်မင်းကောင်လေးအသစ်ကို မသိသေးပေ။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now