Episode - 26

4.8K 325 3
                                    


'' အား.....မောင့် ''

'' ခနပဲ သည်းခံကွာ ''

'' မရဘူး မရဘူး မလုပ်နဲ့တော့ ... မောင့်ဟာကြီး ဖယ် ဖယ် ''

'' မဖယ်နိုင်ဘူး ''

'' အား...သေပါပြီ မောင့်... ..ရက်စက်လိုက်တာ သွေးတွေထွက်ကုန်ပြီ ''

ညသန်းခေါင် မဲမဲနက်နေသော ကောင်းကင်ကြီးတွင် ကြယ်တွေ တဖျတ်ဖျတ်လင်းနေကာ ညလေအေးတို့မှာလည်း တိုက်ခန်း ပြတင်းဝလေးဆီသို့ အလုအယက်တိုးဝင်လျက်ရှိကြသည်။ ထိုစဉ် အခန်းထဲရှိ အဖြူရောင်ကုတင်ပေါ်တွင် မအိပ်နိုင်ပဲ ချွေးစေးတွေ ထွက်နေသော အကောင်ပေါက်လေးတစ်ကောင်.....

'' သွေးဖောက်ပါတယ်ဆိုမှ တိမ်တိုက်ရယ် သွေးထွက်မှာပေါ့ကွာ ''

တိမ်တိုက်ကြိုး တစ်ယောက် အပ်နဲ့ဖောက်ခံလိုက်ရ၍ သွေးထွက်နေသော လက်မထိပ်လေးကိုကြည့်ကာ ငိုမဲ့မဲ့ လေးဖြစ်နေသည်။

​နှောင်း မွေးနေ့တွင် နည်းနည်းပဲကျွေးသောခွန်းကြောင့် ဗိုက်မဝ သဖြင့် ဗိုက်ကဆန္ဒပြချင်နေသည်။ နောက်တော့ ခွန်းကို ကိုစေ လှမ်းခေါ်သဖြင့် ပုကြူးလေးတို့အိမ် ခွန်း သွားနေတုန်း မီးဖိုချောင်တွင်ရှိသော ခေါက်ဆွဲထုပ်ကို ပြုတ်လိုက်သည်။

ခွန်းပြန်မလာခင် အမြန်စားရမှာမို့ အကြာကြီးမပြုတ်ပဲ ချက်ချင်းချကာ သေချာတောင်မဝါးပဲ အမြန်အမြန်စားလိုက်သည်။ ခွန်းပြန်လာတော့ မသိသလိုပဲနေကာ အိပ်လိုက်တော့လေသည်။

သို့သော်အိပ်မပျော်ပဲ ဗိုက်မှာတင်းကြပ်ကာ ရင်ဘတ်တွင်လည်း ပြည့်ကျပ်နေသလိုခံစားလာရသည်။ တိမ်တိုက် အစာမကြေပဲ ရင်ပြည့်နေပြီလေ။

အန်ချင်နေသော်လည်း မအန်ရ၍ ပိုခံရခက်ကာ ချွေးတွေပါပြန်လာတော့သည်။

နောက်ဆုံး ဘယ်လိုမှ မတတ်သာသည့်အဆုံးမှ ခွန်းကိုနှိုးကာ ပြောရသည်။ ထိုအခါ ခွန်းက အစာကြေဆေးကျွေးသည်။ အမြန်သက်သာအောင် လက်မထိပ်ပါဖောက်ရမည်ဟုပြောကာ လက်မကို အပ်ချည်နှင့်ခပ်တင်းတင်းချည်ကာ အတင်းဖောက်တော့သည်။

သွေးထွက်သွားတော့လည်း သိသိသာသာပင် သက်သာသွားတာပင်။

ထို့နောက် တိမ်တိုက်၏ ချွေးစိုနေသော အင်္ကျီ အား လဲခိုင်းလိုက်ကာ နှစ်ယောက်သား ပြန်အိပ်လိုက်ကြသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now