Episode - 63 🔞

8K 334 10
                                    

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲတွင် luggage ကို ဆွဲပေးထားသည့်မောင်က မနက်အိမ်ကထွက်လာကတည်းက စကားမပြောသေး။ ရှုတည်တည်မျက်နှာထားကြောင့် မောင့်မျက်နှာဟာ လိုတာထက်ပိုပြီး မာကျောနေသည်။ ဒါပေမယ့် မောင့်မျက်ဝန်းတွေထဲ သေချာဖတ်ကြည့်ရင် ဝမ်းနည်းခြင်းမြောက်မြားစွာကို တွေ့နေရသလို အလိုမကျမှုတွေကလည်း ခပ်များများရယ်။ ဒီလိုနှင့် လေယာဥ်ပေါ်တက်ရတော့မည့် အချိန်ထိမောင်က ခုထိစကားငြိမ်နေတုန်း။

'' မောင် ''

ဝေးရတော့မှာမို့ ညင်သာစွာ ခေါ်လိုက်တော့ စောစောက တင်းနေတဲ့မျက်နှာက ဖြေလျော့သွားပြီး မျက်ဝန်းတွေဟာလည်း ဝမ်းနည်းခြင်းအပြည့်ဖြင့် ပြောင်းလဲ ကြည့်လာသည်။

'' တောင်းပန်ပါတယ် မောင်ရယ် မသွားမဖြစ်မို့လို့ပါနော် ။ ဘာမှမဖြစ်အောင်ဂရုစိုက်မယ်လေနော် ''

ဒီစကားတွေက လွန်ခဲ့တဲ့တစ်ပတ်ထဲက တိမ်တိုက် ခွန်းကို ပြောပြောနေသော စကားလုံးတွေပင်။ ခွန်းက လုံးဝစိတ်မချနိုင်တာကြောင့် တိမ်တိုက် အာမခံချက်တွေ ခနခနပေးသည်။

တစ်ပတ်လုံး ခွန်းက လုပ်ချင်တာလုပ်ဆိုသည့်သဘောမျိူးဖြင့် ဘာမှမပြောပဲ စိတ်ဆိုးနေခဲ့တာဖြစ်သည်။ သို့ပေမယ့် တကယ့်တကယ် တိမ်တိုက်က သွားတော့မည်ဟုလည်းဆိုရော တိမ်တိုက်၏ အဝတ်အစားတွေသာမက ဆေး တွေကိုပါ သေချာစစ်ပြီး luggage ကို သူကိုယ်တိုင် ထည့်ပေးထားလေသည်။

ဒါပေမယ့် လူကိုယ်တိုင်ကတော့ စကားကောင်းကောင်း ခုထိမပြော နောက်မိနစ်ပိုင်းဆိုပဲ လေယာဥ်ပေါ်တက်ရတော့မှာကိုပေါ့။

'' မောင့်... ''

ခွန်း လက်တစ်ဖက်ကိုဆွဲပြီး လှုပ်ရမ်းကာခေါ်တော့ မှသူ့ တစ်ကိုယ်လုံး ကိုသိမ်းကြုံးကာ ဖက်လာသော ခွန်း။ အုန်းမုက်ခွက်ဆံပင်လေးတွေထဲ မျက်နှာအပ်ကာ ဆံပင်တွေအား တရှိုက်မတ်မတ် နမ်းလေသည်။

ရင်ခွင်ကိုပါးအပ်ထားမိသော တိမ်တိုက်ကလည်း အလိုလိုနေရင်း ဝမ်းနည်းလာကာ မျက်ရည်လေးတွေစီးကျလာသည်။ တဖြည်းဖြည်း ခွန်း၏ အနက်ရောင် ရှပ်အင်္ကျီပေါ်မှာ တိမ်တိုက်မျက်ရည်တို့က စိုစွတ်လာတော့သည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now