Episode - 66

4.7K 311 28
                                    

မီးရောင်စုံများနှင့် ခမ်းနားလှပနေသော ညစာ စားပွဲတစ္ခု.... K'Cloudy ကျောင်းအတွင်း ကျင်းပနေကြသည်။ ဂုဏ်ယူစွာကျင်းပရသည့်အကြောင်းအရင်းကတော့.... မြန်မာနိုင်ငံတွင် တက္ကသိုလ် ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရသွားသော ကျောင်းသားမှာ ခွန်းတို့ ကျောင်းက ဖြစ်သည်။ ထို Top 1 အပြင်... Top 5 နှင့် Top 10 တို့ပါ ခွန်းတို့ကျောင်းကဖြစ်သည်။

ထို့ကြောင့် ရှယ်ယာဝင်တွေအားလုံး ဖိတ်ကာ ဒီဂုဏ်ပြု ညစာ စားပွဲကို ကျင်းပခဲ့ကြတာဖြစ်သည်။ တစ်ဆက်တည်း စိုင်းထွဋ်ခေါင်မင်းတို့ မြို့ K'Cloudy အခွဲမှ ဆယ်တန်းအောင် ကျောင်းသား ကျောင်းသူများကိုပါ တစ်ပါတည်း ဖိတ်ကြားထားသည်။ မနှစ်က အောင်ထားသည့် ကျောင်းသားဟောင်းများကိုလည်း ဖိတ်ထားသည့်အတွက် ပွဲ​ကတော့ ငယ်ရွယ်သူများနှင့် နုပျိူနေတော့သည်။

ထို့ကြောင့် K'Cloudy နှစ်ခု၏ ကျောင်းသားကလေးများနှင့် ကျောင်းသားမိဘများ၊ ဆရာ ဆရာမ များနှင့်ရှယ်ယာရှင်များ အားလုံး ယခုပွဲကို တက်ရောက်ကာ ပျော်ရွှင်ဝမ်းမြောက်နေကြသည်။ ထို့ပြင် အချိန်တိုတွင်း အောင်မြင်လာသော K'Cloudy ကြောင့် မီဒီယာတစ်ချိူ့လည်း ထိုပွဲကိုရောက်နေကြလေသည်။

ကျောင်းဆောင်တွေအလယ်မှာရှိသော ကွင်းပြင်ကျယ်ကြီးကို ပွဲခန်းမအဖြစ်ပြင်ဆင်ထားခဲ့ပြီး မိုးသားကင်းစင်နေတာကြောင့် ကြယ်လေးများကိုတောင် မော့ကြည့် မြင်နိုင်သေးသည်။

ထုံးစံအတိုင်း ကလေးတွေ တစ်ခြမ်း လူကြီးတွေ တစ်ခြမ်းဆိုပြီး ခွန်းက ခွဲခြားပြင်ဆင်ထားပေးသည်။ ထို့်ကြောင့် ကလေးတွေလည်း လွတ်လွတ်လပ်လပ် ပျော်နိုင်ကြသည်။ လုံခြုံရေးအတွက် Security တွေကို လုံလုံလောက်လောက်ထားပေးထားသေး သည်။

ထိုထဲတွင် မီဒီယာတွေနှင့် အလုပ်ရှုပ်နေသူတစ်ဦးကတော့ K'Cloudy ကျောင်းအုပ် ခွန်းမာနမောင် ပင်။ ကျောင်းအုပ်တစ်ယောက်၏ အရည်အချင်းထက်ကို ပိုနေသော အရည်အချင်းတွေ ထိုအမျိုးသားမှာတွေ့နေရသည်။ ဘယ်သော ဖြစ်ဖြစ် မြန်မာဝတ်စုံသာ ဝတ်လေ့ရှိသော ခွန်းကတော့ ယခုလည်း ဘိုဆန်ဆန်တွေကြား အနက်ရောင် မြန်မာဝတ်စုံဖြင့် ထင်းနေပြန်သည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now