Episode - 39

4.1K 292 11
                                    


'' ကဲ ဒါဆို ဆရာတို့ ဒီနေ့ ဒီလောက်နဲ့ရပ်ထားကြမယ်။ မနက်ဖြန်ကျမှ ကဗျာ ထပ်သင်ပေးမယ်နော် ''

'' ဟုတ်ကဲ့ပါ ဆရာ ''

ကလေးတွေ တစ်အုပ်ကြီး၏ အသံက စေလွန်းညိုတို့အိမ်ကိုတောင် တုန်သွားစေသည်။ သည်ကလေးတွေက ပြန်ရတော့မည့်အချိန်ဆို အမြဲ တက်ကြွနေကြတာပင်။

ကလေးတွေအကုန်ပြန်သွားချိန်တွင် အိမ်ထဲတွင် ပုကြူးနှင့် ခွန်းတို့နှစ်ယောက်သာကျန်ခဲ့သည်။ ပုကြူးလေးက ဗိုက်ဆာသည်ဟုဆိုကာ မီးဖိုချောင်ထဲဝင်သွားသည်။ခွန်း ဆိုဖာပေါ် ထိုင်ချလိုက်ပြီး ရေဘူးထဲမှ ရေကိုဖန်ခွက်ထဲပြောင်းထည့်ပြီး သောက်မယ်လုပ်နေတုန်း ပုဆိုးစိမ်းအောက်နားစမှ နူးညံ့သော အထိအတွေ့တစ်ခုကြောင့်ငုံကြည့်လိုက်တော့

မြောင် ~~

ကြောင်မလေးဂျီဂျီ ဟာ ခွန်းခြေထောက်နား တိုးကာ ပွတ်သပ်နေလေသည်။ ခွန်း ဖန်ခွက်ကိုပြန်ချထားကာ ဂျီဂျီ့ကို ကောက်ချီလိုက်ပြီး ခေါင်းလေးကို သပ်ပေးရင်း ပြတင်းပေါက်နားလျှောက်သွားလိုက်သည်။ မိုးသားကင်းစင်နေသော ကောင်းကင်ပြာမှာ တိမ်ဖြူတိမ်လွင့်တွေဟာပြန့်ကျဲနေသည်။ အဆုံးမရှိလေသော တိမ်ဖြူတွေအားမော့ကြည့်ရင်း လက်ကလည်း ဂျီဂျီ့ကို ပွတ်သပ်ပေးနေတုန်း။

'' ဟင်း... တိမ်တွေက လှလိုက်တာ.... ''

ခွန်းသက်ပြင်းလေးခိုးရှိုက်ကာ တိမ်တွေကို တမေ့တမော ငေးကြည့်နေမိသည်။

အချိန်ကာလမည်မျှ ကြာမည်မှန်း မသိသေးပေမယ့် သေမတတ်ကြိုးစားလျှင်တော့ သုံးနှစ်လောက်ဆို တိမ်တိုက်ကို ပြန်ခေါ်နိုင်ပြီထင်ပါရဲ့။

ကိုယ့်ဘက်က အနှောင့်အဖွဲ့ ခပ်ကင်းကင်းနဲ့သာ ထိုလူသားကိုချည်နှောင်ချင်သည်။ ဘယ်သူမှ မထိရဲနိုင်လောက်အောင် ထားနိုင်ဖို့ဆိုရင် ကိုယ်ကိုယ်တိုင်က အတော်လေး အင်အားကြီးနေမှ ဖြစ်မှာကိုး။

မင်းအတွက် လုံးဝပြည့်စုံတဲ့ ပတ်ဝန်းကျင်တစ်ခုကို မောင်ဖန်တီးနေတယ်..တိမ်တိုက်။
မင်းစောင့်နေပါစေလို့ပဲ မောင်မျှော်လင့်တယ်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now