Episode - 41

4.5K 319 45
                                    


အပြင်မှာ ကျနေသော ငွေရောင် နှင်းမှုန်တို့က ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေဝါးသွားအောင် တန်ဆာဆင်ထားသည်။ သည်နှစ်ဆောင်းကအတော်လေးရှည်လျားနေသည့်အလား။ နွေဦးရောက်သည့်တိုင် ဆောင်းလေဆောင်းငွေ့က တော်တော်နှင့် ပျောက်မသွားသေး။

ကြီးမားကျယ်ဝန်းလှသော ပုဂ္ဂလိက ဆေးရုံကြီးထဲတွင် စိုးရိမ်နေသော မျက်ဝန်းများဖြင့် တောင်ပြေးမြောက်ပြေးဖြစ်နေသူက ခွန်းမာနမောင်။ လက်ထဲက ဖုန််းတစ်လုံးကလည်း အနားမပေးရ။ တစ်ယောက်ကိုခေါ်လိုက် ချလိုက်နှင့် အလုပ်များနေသည်။ အေးမြမြဖြစ်နေသည့်အတွက် အနွေးထည် ဝတ်ထားရသည့် လူများအကြားတွင် ခွန်းမာနမောင်တစ်ယောက် ခန္ဓာကိုယ်က ချွေးတစ်လုံးလုံးဖြစ်နေသည့်အပြင် ရင်ထဲတွင်လည်း ပြောမပြတတ်သောအပူမီးတို့တစ်စစ လောင်ကျွမ်းနေရှာသည်။

ထို့အတူ ခွဲစိတ်ခန်းပေါက်ဝမှာလည်း ခွန်း ထက်မနည်းသောအပူတွေနှင့် အလုပ်ရှုပ်နေသော ရှန်ခင်းခက် ရှိနေသည်။

'' ဟယ်လို အဒွေး ရှာလို့ရလား... ''

''. .....''

'' မြန်မြန်လေးရှာပေးပါကွာ အကူအညီတောင်းပါတယ် ''

ဒွေးမင်းခ နှင့်ဖုန်းဆက်နေတုန်း ခွန်း ပြန်ရောက်လာသည်။

'' ရှန်မင်း အဒွေးကဘာတဲ့လဲ ''

'' သွေးက အရမ်းရှားတယ် ကိုခွန်း ရှာရတာအတော်လေးခက်နေတယ် ကျွန်တော်သိတဲ့လူတွေထဲမှာလည်း ''

ပြသာနာက တိမ်တိုက်ခွဲစိတ်နေတုန်း သွေးထွက်လွန်ကာ ဆေးရုံတွင်ရှိနှင့်နေ သော သွေးကိုသွင်းသော်လည်း တိမ်တိုက်၏ သွေးအမျိူးအစားက ရှားသည်မို့ ဆေးရုံတွင်လည်း သူ့အတွက်သွေးလုံလုံလောက်လောက်မရှိပေ။

ထို့ကြောင့် တိမ်တိုက်အတွက် သွေးတွေထပ်ရှာပေးဖို့လိုလာသည်မို့ ခွန်းတို့ ပြာယာခတ်နေတာဖြစ်သည်။ တိမ်တိုက်သွေးအမျိူးအစားက ရှားတာကြောင့် အသိထဲတွင်လည်းမရှိသလို..ကျောင်းကလူတွေအထိလိုက်မေးသော်လည်း ခုထိ မရသေးပေ။

'' ဒါဆို ကိုယ် အပြင်ထွက်ရှာလိုက်ဦးမယ် ။ မင်းက ဖုန်းထဲကနေဆက်ရှာနေလိုက် ရရင် ကိုယ့်ကိုဖုန်းလှမ်းဆက်လိုက် ''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now