Episode - 53

4.7K 312 71
                                    

မသိစိတ်က နာကျင်ခြင်းတွေအတွက် ဆေးရှိပါသလား။
အတိတ်ဆိုတဲ့ စိတ္တဇနာမ် ကရော ဘယ်အထိ နာကျင်ခိုင်းဖို့ စိတ်ကူးထားသလဲ။
ကောင်းကင် ပဲဖြစ်ဖြစ် တိမ်တိုက် ပဲဖြစ်ဖြစ် ဝေဟင်ထက်မှာ ရှိတာခြင်းအတူတူမို့ နာကျင်မှုတစ်ခုကိုမျှဝေခံစားနေရတာများလား။

'' နိုးပြီလား ကလေး ''

လက်မောင်းပေါ်က ကလေးက မျက်ရည်ခြောက်တွေနဲ့ ပြန်နိုးလာခဲ့သည်။ ငိုထား၍ အနည်းငယ်ယောင်နေသော မျက်လုံးကို လက်လေးတွေနဲ့အသာပွတ်တော့ မနည်းတားခဲ့ရသေး။

'' အိမ်ပြန်ရောက်နေတာလား ။ ဘယ်တုန်းကလဲ ။ ပွဲကရော... ''

လွန်ခဲ့သည့်နာရီပိုင်းလောက်က သွေးပျက်မတတ်ငိုနေတာ သူမဟုတ်သလို မေးနေသောတိမ်တိုက်။

'' မမှတ်မိဘူးလား ''

'' ဘာကိုမှတ်မိရမှာလဲ။ ''

တကယ်ကိုဘာမှ မသိသလိုမေးနေတာပင်။ ဖြစ်ခဲ့သည့်ကိစ္စများနှင့်ပတ်သတ်ပြီး ဘာမှ မှတ်မိပုံမပေါ်။

'' အင်းပါ ထားလိုက်တော့ ။ မင်းပင်ပန်းနေလို့နဲ့တူတယ်.. ပွဲထောင့်မှာအိပ်ပျော်နေတာ ။အဲ့တာနဲ့ မောင်အိမ်ပြန်ခေါ်လာတာ ''

ပြန်ပြောရင် ထပ်နာကျင်သွားရမည်ကိုစိုး၍ ခွန်းဘာကိုမှ မပြောပြဖြစ်တော့။ပုံမှန်အတိုင်းသာ နေလိုက်တော့သည်။

'' ကျွန်တော့်ကျ အင်္ကျီ လဲပေးထားပြီး မောင်ကျ ဒီတိုင်းပဲ ''

'' မင်းကိုလဲပေးပြီးတော့ မောင် အရမ်းနားချင်တာနဲ့ ခဏလှဲလိုက်တာ ။ ''

နောက်တော့ ခွန်းက အရင်ထသွားပြီး အဝတ်အစားလဲလိုက်သည်။ တိမ်တိုက်ကတော့ တစ်ခုခုကို လိုနေသလိုမျိူး.. ကုတင်ပေါ်တွင် မျက်နှာသေကြီးနှင့်တပလ္လင်ခွေထိုင်နေသည်။

''မောင့် ''

'' ဗျာ... ''

အင်္ကျီ ကြယ်သီးတပ်နေသော ခွန်းကို ရုတ်တရက် ထခေါ်လေသည်။

'' ကျွန်တော်လေ တစ်ခုခုကို ဝမ်းနည်း နေသလိုခံစားရတယ်။ ငိုလည်းငိုချင်နေတယ်သိလား။ ဘာလို့လဲ မသိဘူး ''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now