Episode - 35

4.3K 323 51
                                    

အဲ့ဒီနေ့က ကံကောင်းစွာ မိုးဟာရွာမနေခဲ့ပါဘူး ။ အပူအအေးမျှတနေသည့် အဝါရောင်ကြိုက်သော ကောင်လေးမွေးနေ့ရက် မှာတော့ ခွန်းရင်ထဲအမည်မသိသော ဒါမှမဟုတ် အမည်မရှိသော ပူလောင်ခြင်း မျိူးစုံဟာ ပုံစံအမျိူးမျိူးနှင့် တိုင်းခန်းလှည့်လည် လျက်ရှိ၏။

ပြင်းထံစွာ တိုးလာသည့် ကားပြတင်းပေါက်က လေကတောင် ခွန်း၏ အပူတွေကို မငြိမ်းစေခဲ့ပါ။

ရှေ့တည့်တည့်...သူ့အရှေ့တည့်တည့်ကြီးတွင် သူချစ်ခင်လေးစားရပါသော တစ်ဦးတည်းသော တစ်စုံတစ်ယောက်ဟာ မျက်နှာထားတည်တည်နှင့်ရပ်နေခဲ့သည်။ သူ့နောက်တွင် ပါလာသော ကောင်လေး၏ အနိုင်ပိုင်းသော အပြုံးတွေကိုလည်း ခွန်း သေသေချာချာ မြင်ရပါသည်။

ရင်ထဲကအပူတွေနှင့်အတူ အတိညှပ်ထားသော လက်ထိပ်လေးတွေကလည်း တဖြည်းဖြည်းအေးစက်လာသည်။

'' ဆရာ လာထိုင်လေ... ''

ချက်ချင်းဆိုသလို အေးစက်သွားသည့် ဆရာတပည့်နှစ်ယောက် ဆက်ဆံရေးအား ပြန်နွေးစေလို့ငြား....တိမ်တိုက် အနည်းငယ် လောကွတ်ပြုလိုက်သည်။

'' ရတယ် သား ထိုင် ''

'' ဟုတ်ကဲ့ ''

'' ကိုစိုင်း ရေ ကိုကြီး ​ဝယ်စရာလေးကျန်ခဲ့လို နောက်မှတ်တိုင်ဆင်းရအောင် ''

ထွဋ်ခေါင် ပြောတော့ ဘေးကပါလာသော စိုင်းမင်းနွယ် က ခေါင်းငြိမ့်ပြသည်။

တက်လာကတည်းက လန့်သွားပုံရသော သူ၏ ကြည့်မရလေသော် မွေးစားအကိုက ခေါင်းကိုသာတွင်တွင် ငိုက်ချထားသည်။

'' ဪ တိမ်တိုက် တို့တောင် ဘုရားပြန်ကပြန်လာပြီပဲ Happy Birthday နော် နောက်မှ မုန့်ဝယ်ကျွေးတော့.. ..

'' ......''

'' အမယ် ကိုခွန်းတောင် ဘုရားတွေဘာတွေသွားနေပြီပဲ... ဘယ်လိုလဲ ပျော်ခဲ့ရဲ့လား...ဒါနဲ့ နန်းရော ''

ကိုစိုင်းက တိမ်တိုက်ကိုကြည့်ကာမေးတော့ ဟိုဘက်ထောင့်ဆုံးက နန်းမဟာသွေးကို မေးငေါ့ပြသည်။

တိမ်တိုက် လက်ရှိအခြေအနေကို ရှုပ်ထွေးနေသည်။ ထွဋ်ခေါင်နှင့် ခွန်းဟာ သိပ်ချစ်ခင်ကြသော ညီအကိုတွေဟု သေချာပြန်မေးယူရလောက်အောင် နှစ်ယောက်လုံးက တိတ်ဆိတ်နေသည်။ ထို့ပြင် ထွဋ်ခေါင်က ကိုစိုင်းကို သိနေ သည်။ ထို့ပြင် ကိုစိုင်း ကလည်း ခွန်းကို တရင်းတနှီးပြောနေသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now