Extra - 4 (V day Special )

3.9K 218 24
                                    

သည်နေ့ K'Cloudy ကျောင်းထဲတွင် ကျောင်းသားကျောင်းသူများပါမက ဆရာဆရာမ များထံမှ နှစ်လိုဖွယ် ပျော်ရွှင်ကြည်နူးမှုတွေ တွေ့ရသည်။ ဆရာမတစ်ချိူ့ ၏ ဦးခေါင်းထက်တွင်လည်း ကျောင်းသားကျောင်းသူများ ပေးသော နှင်းဆီပန်းတစ်ချိူ့ကိုလည်း လှပစွာတွေ့ရသည်။ အထူးသဖြင့် စည်းကမ်းထိန်းသိမ်းရေးအခန်းထဲတွင် များပြားလှသော ပန်းတွေနှင့် ချောကလက်တွေ ရှိနေသည်။

မနက်အစောကတည်းက ထင်သာမြင်သာ ရှိသော ပန်းစည်းတွေနှင့် ချောကလက်တွေ အရုပ် တွေအား စောမဟာသွေးတစ်ယောက် လိုက်သိမ်းနေခဲ့တာပင်။

'' ကိုကိုရာ ကလေးတွေ ပျော်ပါစေလား ဒါတွေပြန်ပေးလိုက်ပါ ''

'' အို ကလေးတွေက ငယ်သေးတယ်လေ ။ ဒီလောက်ကြီးကျ စည်းကမ်းပျက်တာပေါ့ ။သူတို့ယူလာတာ သေးသေးမွှားမွှားလည်းမဟုတ်  ''

ကိုကိုကြည့်ရင်းပြောလိုက်သည်က ခပ်ကြီးကြီး ပိုက်ဆံပန်းစည်း တစ်စည်း။ ချမ်းသာသော မိသားစုများမှ ဆင်းသက်လာသော ကလေးများသည့် K'Cloudy တွင် Valentine Day ဆိုသော ချစ်သူများနေ့ကို တခမ်းတနားကိုလာကျင်းပနေကြတာပင်။ စာသင်ခုံ နှစ်ခုံစာလောက်ရှိသည့် ပန်းစည်းတွေ အရုပ်တွေဟာ စာသင်ခန်းထဲတွင် ကိုးလို့ကန့်လန့် ရှိနေတာမို​ ့ ကိုကိုတစ်ယောက် မမြင်သာ၍ သိမ်းထားလိုက်ရတာပင်။

'' ပြန်ပေးလိုက်ပါလားကိုကိုရယ် သူတို့က ဆယ်ကျော်သက်တွေလေ အဲ့အရွယ်နဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေက အသက်ကြီးသွားရင် ပြန်မှမရနိုင်တာ။ တစ်ရက်တလေ ပေးပျော်လိုက်ပါလား လို​ ့ နော် ''

'' ရှန်ခက်... ဘာလဲ မင်းလည်း အဲ့အရွယ်က အဲ့လိုပဲလား ''

ကိုကိုမျက်စောင်းလေးထိုးကာပြောတော့ ရှန်မင်း သွားလေးဖြဲပြလိုက်ရသည်။ သူ့တုန်းက ဒီထက်ပိုဆိုးကြောင်းတော့ မပြောပြလိုတော့ပါလေ။

ကျောင်းသားတွေတစ်ယောက်ပြီးတစ်ယောက် ကိုကို့ အခန်းကိုလာချောင်းနေကြသည်။ သူတို့ပစ္စည်းလေးတွေ ပြန်ရလို့ရငြားပေါ့။

'' ကြည့်ပါဦး ကိုကိုရယ် ကလေးတွေ သနားပါတယ် ''

'' နေဦး ဒီကိစ္စ ကိုခွန်းကိုသွားမေးဦးမယ် ''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now