Extra ( 5)

2.5K 137 20
                                    

ကြည်လင်နေသော ကောင်းကင်ပြာပြာတွင် အဖြူရောင်တိမ်စုတို့က အဆုပ်လိုက်ပြန့်ကျဲနေကာ သိပ်ကို သာယာလှသည်။ ဇူလိုင်လ၏ မနက်ခင်းတွေက သိပ်ကို အပြင်ထွက်ချင်စရာကောင်းအောင် သာယာလွန်းလှသည်။ တိမ်တွေကလည်းကြည်ကြည်လင်လင် နေရောင်ကလည်း တောက်တောက်ပပနှင့် သိပ်ကို ကြည်နူးစရာပင်။ ဒီထက် ပိုကြည်နူးစရာကောင်းသည်က ဘေးတွင် ချစ်ရသူ နှစ်ဦးစလုံး ရှိနေခြင်းပင်။

စဥ်းစားကြည့်လိုက်လျှင် သိပ်ကို ပြည့်စုံ လွန်းတဲ့နေ့လေးတစ်နေ့ပင်။ ရာသီဥတုလေးကလည်းသာယာ ချစ်ရသူလေးတွေကလည်း ပြုံးလို့ပျော်လို့ပင်။ ဘယ်လောက်တောင် ထူးတဲ့ ကုသိုလ်ကံပါလိမ့်။

ဘေးက ကားမောင်းနေသည့် အိမ်ဦးနတ်၏ ခပ်ညိုညို မျက်နှာကိုကြည့်ရင်း အတွေးထဲ နစ်မျောလျက် ပြုံးနေမိသည်။

'' အဟမ်း... လူတစ်ယောက်လုံးဘေးမှာ ထားပြီး ဘာတွေစိတ်ကူးယဥ်နေပြန်တာလဲ ''

ခွန်း ချောင်းဟန့်ကာ ပြောတော့မှ တိမ်တိုက် ပြုံးတာ ရပ်တော့သည်။

'' ကိုယ့်ယောကျာ်း ကိုယ်ငေးတာလေ ဘာဖြစ်လို့လဲ မငေးရဘူးလားပြော ''

'' ငေးတာလည်း ရိုးရိုးငေးလေကွာ ပြုံးပြုံးကြီးငေးတော့ မောင်ကြောက်တာပေါ့ ကွ ''

ခွန်း ပုခုံးတွန့်ကာ ပြောတော့ တိမ်တိုက် သွားတက်တွေ အဆုံးထိ ဖော်ကာ ရီ လေသည်။

'' မောင် ဒီနေ့ အရမ်း ခန့်နေတာ သိလား ''

ခွန်း မေးစေ့ကို လက်လေးနဲ့ လှမ်းခပ်ပြီး စတော့ ခွန်း ရဲ့ မျက်မှောင်ကြုတ်ကြီးက တိမ်တိုက် ဘက်ကို ဘေးတစောင်းရောက်လာလေသည်။

'' သား အနောက်မှာနော် ( ဖော့်) ''

'' ဟာ ဟုတ်ပကွာ ဒီအနောက်က တစ်ယောက်ကလည်း ဒီနေ့ သိပ်ချောနေတာပဲ ''

ဆည်းဆာမောင် ကားနောက်ခန်းက လှမ်းပြောတော့ တိမ်တိုက် တစ်ယောက် သူ့သားကိုပါ ခွန်းကို လုပ်သလို လှမ်းလုပ်ကာ ပြောလေသည်။

'' တိမ်တိုက်... ''

'' ပြောလေ မောင် ''

'' ပျော်နေတာလား ''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now