Episode - 62

4.8K 310 16
                                    

တန်ဖိုးမနည်းလှသော အဆောင်အယောင်ပစ္စည်းများဖြင့် အလှဆင်ထားသော ဧည့်ခန်းထဲတွင် ဆူးအမရာနွယ် တစ်ယောက် လက်ဖျားတွေအေးစက်ကာ ကြောက်ရွံ့စွာဖြင့် ခေါင်းငုံ့ထိုင်နေသည်။ သူမရှေ့တည့်တည့်မှာတော့ သူမအပေါ် ဩဇာအလွှမ်းမိုးနိုင်ဆုံး ဖခင်ဖြစ်သူ ဦးပြည်ဟိန်းသာ​က လက်ပိုက်ပြီး ကြောက်စရာကောင်း​အောင်တည်ငြိမ်နေသော အကြည့်များနှင့် သူ၏ သမီးကိုကြည့်နေသည်။

'' ဘာဆက်လုပ်မှာလဲ အမရာ။ သမီးကို ဒယ်ဒီတစ်နှစ်တောင်အချိန်ပေးပြီးပြီ ''

''. .....''

'' စာသင်နှစ်နောက်တစ်နှစ် စတော့မယ် ခွန်းကို သမီး မဖမ်းနိုင်ဘူးဆို။ ဖမ်းနိုင်တဲ့ တစ်ယောက်ကို သမီးကိုယ်စား K'Cloudy ကို လွှတ်ရလိမ့်မယ်။ ''

'' ဟင် ဒယ်ဒီ...အဲ့လိုကတော့...''

'' ဒီမှာ အမရာ ဒယ်ဒီ ပွင့်ပွင့်လင်းလင်း ပဲပြောမယ်။ ဒီနှစ်မှာ ဒယ်ဒီတို့လုပ်ငန်းတွေ လှုပ်ရှားရခက်နေပြီ။ ဦးမာန်ခွန်းစစ်ကလည်း ဒယ်ဒီတို့ကိုအရင်တုန်းကလောက် မကူညီပေးတော့ဘူး။ ဒယ်ဒီ့ လုပ်ငန်းတွေ ရပ်တန့်မသွားချင်ဘူးဆိုရင် ဦးမာန်ခွန်းစစ်ကို အပိုင်ဖြစ်အောင်လုပ်ရမယ် သမီး။ တစ်နည်းမဟုတ်တစ်နည်းနဲ့ပေါ့ ။အခု သမီးက တစ်နှစ်တောင်းလို့တစ်နှစ်ပေးခဲ့ပြီးပြီ။ သမီးအစွမ်းအစနဲ့ မလုပ်နိုင်ဘူးဆို ၊ ဘေးထွက်ပေးရမယ်။ ဒယ်ဒီနောက်လမ်းကြောင်း ရှင်းဖို့ပေါ့ ''

ဦးပြည်ဟိန်းသာ အတည်ပြောနေတာကြောင့် အမရာတစ်ယောက် ဘာလုပ်ရမလဲ မသိ။ ပြီးခဲ့သည့်တစ်နှစ်အတွင်းလည်း မျိူးစုံလုပ်ခဲ့ပြီးပြီ။ သို့သော် ခွန်းနှင့် တိမ်တိုက်တို့ ချည်ထားသည့်ကြိုးက ခိုင်လွန်းနေသည်မို့ ပြတ်လည်း ခနပင်။ ဘာအရာမှတောင်မထင်ခဲ့။

အခု ဦးပြည်ဟိန်းသာက သူ့အတွက်မလိုအပ်တော့လျှင် အမရာ့ကို နိုင်ငံခြားပြန်ပို့တော့မှာပင်။ ဒါကိုသိသောအမရာကလည်း ထိတ်လန့်နေလေပြီ။ ရေမြေခြားမှာ ကလေးတစ်ယောက်နှင့် အရိုးဆွေးသည်အထိ နေသွားရတော့မည့်ဘဝကို သူမလိုချင်။

'' သမီးကို အချိန်နည်းနည်းပဲထပ်ပေးပါ ဒယ်ဒီ ။ လာမယ့်စာသင်နှစ်မှာ ဒယ်ဒီ့ကိုစိတ်ကျေနပ်စေရပါမယ်လို့ သမီး ကတိပေးပါတယ်။ ''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now