Episode - 68

5.9K 319 19
                                    

ရှန်မင်းခက်တို့အုပ်စု အထဲက ထွက်လာပြီး တိမ်တိုက်ကို အပေါက်ဝကနေ အခြေအနေ လာကြည့်တော့.....ခွန်းရင်ခွင်ထဲ ငိုနေတာကြောင့် တော်ပါသေးတယ် ဟု သက်ပြင်းလေးတွေချကာ ခွန်းတို့ကို အချိန်ပေးရန် အောက်သို့ ပြန်ဆင်းခဲ့ကြသည်။

ဒေါ်ယုယမြိုင် ကတော့ သူ့သားလေးကို ကြည့်ကာ စိတ်မကောင်းဖြစ်နေရသည်။ ဒီကလေးက ဘယ်တော့မှ စိတ်ချမ်းချမ်းသာသာ နေရမှာပါလဲ။ အဆိုးဆုံးအရာတွေက ဘာလို့ ဒီကလေးဆီပဲ သက်ရောက်နေတာလဲ....

ဒေါ်ယုယမြိုင် ခွန်းနှင့် တိမ်တိုက် တို့ကိုကြည့်နေစဥ်.....အနောက်က ဝင်လာသူတွေက ဦးပြည်ဟိန်းသာ နှင့်ဦးတိမ်စိုင်ဦး။

ခွန်းရင်ခွင်ထဲ မြှုပ်နေသော တိမ်တိုက်လေးကို တိမ်စိုင် သေချာကြည့်လိုက်သည်။ ရင်းနှီးနေသော မျက်ဝန်းတွေက မျက်ရည်တွေနှင့် သဘောကျသည်ဟုထင်ရသော မျက်တောင်လေးတွေကလည်း စိုစွတ်နေလေသည်။

'' နင့်ကို ငါ တိမ်တိုက်ရှေ့မပေါ်လာဖို့ပြောထားတယ်လေ ''

ဒေါ်ယုယမြိုင် ၏ ဦးပြည်ဟိန်းသာ ကို ပြောသံကြောင့် တိမ်တိုက် အငိုရပ်သွားပြီး ကြည့်လိုက်တော့.... သူသိပ်ကြောက်သူဟုသတ်မှတ်ထားသော ဦးပြည်ဟိန်းသာ ။

'' မောင်....သူ့ကိုကြောက်တယ်.....မလာခိုင်းပါနဲ့ ဟင့်.... ''

ခွန်းရင်ခွင်ထဲ ပြန်တိုးကာ တိတ်ခါစ အငိုက ပြန်ငိုရန် တာဆူနေလေပြီ။

ဒေါ်ယုယမြိုင် အတင်းနှင်လွှတ်တော့....

'' ငါ စကား ခနလေး ပြောပါရစေဟာ။ ငါတောင်းပန်ချင်လို့ပါ။ ''

''. ......''

'' တိမ်တိုက်ကြိုး.....''

ဦးပြည်ဟိန်းသာ ေရှ့တိုးလာပြီး ခေါ်တော့

'' အား....မလာနဲ့....ထွက်သွား....မလာနဲ့.....အီး....မောင်.....မလာခိုင်းပါနဲ့.... ''

'' ခင်ဗျား ရှေ့တစ်လှမ်း ဆက်တိုးလာရင် ကျူပ်အဆိုးမဆိုနဲ့ ''

ခွန်း တိမ်တိုက်ကို ဖက်ထားလျက် ဦးပြည်ဟိန်းသာ ကို မျက်ထောင့်နီနှင့် လှန်ကြည့်ကာ ခပ်တင်းတင်းပြောလိုက်သည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now