Episode - 3

8.6K 599 17
                                    

တိမ်များကင်းစင်ကာ တောက်ပနေသော အပြာရောင်ကောင်းကင်​ကြီး အောက်ရှိ လမ်းမပေါ်တွင် ထီး တစ်ယောက်တစ်ချောင်းကိုင်ဆောင် ကာ ခပ်သုတ်သုတ် လမ်းလျှောက်နေသော လူငယ်၂ယောက် ရှိသည်။

တိမ်တိုက်နှင့်ဇူးကြယ်စင်မေ....

'' မြန်မြန်လာ အဇူးရ သူများတွေရွေးလို့ကုန်တော့မယ် ''

'' စာအုပ်တိုက်ကြီးက ထမပြေးပါဘူးဟယ် တကတည်း...''

မြန်မာ တစ်နိုင်ငံလုံး တွင် အကျော်ဆုံးနှင့် အအောင်မြင်ဆုံး ပြည်အမရာ စာအုပ်တိုက် တွင် နှစ်ပတ်လည်ပွဲကျင်းပနေသည်။ထိုစာအုပ်တိုက်ပိုင်ရှင်မှာ မြန်မာနိုင်ငံတွင် အချမ်းသာဆုံးစာရင်းဝင် ပုဂ္ဂိုလ် တစ်ဦးဖြစ်ကာ ကုမ္ပဏီခွဲများစွာလည်းဖွင့်လှစ်ထားသေး သည်။

စာအုပ်တိုက်ကိုတော့ ဝါသနာအရ ဖွင့်ထားခြင်းဖြစ်သော်လည်း အောင်မြင်သည်ဟု ဆိုနိုင်သည်။

ထိုစာအုပ်တိုက်မှာ နှစ်စဥ် ထိုနေ့ရောက်တိုင်း နှစ်ပတ်လည်ပွဲ ကျင်းပလေ့ရှိသည်။ နှစ်တိုင်း လည်း တိမ်တိုက်တစ်ယောက် အရောက်သွားခဲ့သည်မှာ အထက်တန်းကတည်းကပင်ဖြစ်သည်။ အရင်နှစ်တွေက ရှန်မင်းနှင့်အတူ သွားနေကျ ဖြစ်သော်လည်း သည်ကနေ့မှ အရေးကြီးကိစ္စရှိသည်ဟုဆိုသောကြောင့် ကျောင်းမှ အပြန် အဇူးကိုသာခေါ်လာလိုက်တော့သည်။

ထိုနေ့တွင် များသောအားဖြင့် စာအုပ်အသစ်များကို Discount နှင့်ရောင်းပေးသည့်အပြင် ဆက်လက် ထုတ်ဝေခြင်းမရှိတော့သော စာအုပ်အဟောင်းများကိုပါ ပြန်လည်ရောင်းချသောကြောင့် လက်မလွှတ်သင့်ပေ။

စာအုပ်အဟောင်းဆိုသည်မှာ ဟောင်းနွမ်းစုတ်ပဲ့နေသည့် စာအုပ်များဟု မဆိုပါ။ တစ်စုံတစ်ယောက်ဖတ်ပြီးသား စာအုပ်များကို ပြန်လည်ဝေငှသောအားဖြင့် လျော့စျေးဖြစ် ရောင်းချပေးခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်များစွာဆီက စာရေးဆရာကြီး များ၏ စာအုပ်များသည် ယခုအခါ ရှာဝယ် ရန် ခက်လှသည်။ဆက်လက် ထုတ်ဝေခြင်းမရှိတော့တာကြောင့် ပြန်လည်ထုတ်ရောင်းမှသာ ဖတ်ရှုဖို့ အခွင့်အရေးရမည်ဖြစ်သည်။ထို့ကြောင့် ဒီစျေးရောင်းပွဲတော်ကို တိမ်တိုက် ​နှစ်တိုင်းသွားဖြစ်ကာ ဇိမ်ပြေနပြေ ရွေးပြီးမှ စာအုပ်များ တပွေ့တပိုက်နှင့် အိမ်ပြန်လေ့ရှိသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now