Episode - 59

5K 322 20
                                    

'' ဟဲ့ ဟဲ့ တို့ကျောင်းအုပ်ကို ဟိုအသေးလေးထိုးလိုက်တာ ထင်တယ်နော် ''

'' ဟုတ်ပဟယ်.... ကြည့်ပါဦး နှုတ်ခမ်းတွေလည်းပေါက်...လည်ပင်းမှာလည်း ကုတ်ရာ ခြစ်ရာတွေနဲ့ဟယ်။ မြင်လို့တောင်မကောင်းဘူး ''

'' အေး လှမ်းထိုးတာ မမှီလို့ မှီရာ ဆွဲကုတ်လိုက်တာ ထင်ပါရဲ့ အဲ့အသေးလေး တကယ်မလွယ်ဘူးပဲဟ ''

အစည်းအဝေးခန်းမထဲ ဆရာ ဆရာမများနှင့် အစည်းအဝေးလုပ်နေစဥ် ခွန်း ဖုန်းလာ၍ ထဖြေနေချိန်တွင် အနောက်မှ ဆရာမတစ်ချိူ့ ခွန်းကိုကြည့်ကာ အတင်းတုတ်နေကြသည်။ ခွန်း တိမ်တိုက်နှင့် စကားပြောပြီး ထွက်လာတော့ ကျောင်းသားများသာမက ဆရာဆရာမများပါ ထူးဆန်းသော မျက်လုံးတွေနှင့်ကြည့်နေကြသည်။

သူတို့ကျောင်းအုပ်က အခန်း ထဲက ထွက်လာစဥ် နီညိုရောင်နှုတ်ခမ်းမှာ ပေါက်ရာနှင့် အညိုရောင် လည်ပင်းပေါ်မှာလည်း အနီစင်းကြောင်းတို့က ထင်းနေလျက်။ မသိလျှင် ရန်ဖြစ်လာသည်ဟု ထင်ရသည်မို့ ကိုကို့အခန်းထဲ မျက်လုံးလေးတွေက ကျူးကျော်ချောင်းကြည့်ကြသည်။

ထိုစဥ် တွေ့လိုက်ရတာက ရှုပ်ပွနေသော အုန်းမုက်ခွက်ဆံပင်နဲ့ နှုတ်ခမ်းပေါက်နေသော အမျိူးသားတစ်ဦး ဖြစ်သည်။ တိမ်တိုက် ခေါင်းရှုပ်ပွနေသည်က ခွန်း အခန်းထဲကမထွက်မှီ တိမ်တိုက်ကို စ သွား၍ ဖရိုဖရဲ ဖြစ်နေြခင်းသာ။ ထို့ကြောင့်အကုန်လုံးက အတပ်ခန့်မှန်းလိုက်သည်။ ထိုအမျိူးသားနှင့် သူတို့ကျောင်းအုပ် ရန်ဖြစ်ခဲ့လိမ့်မည် တဲ့လေ။

အစည်းအဝေးပွဲ ပြီးချိန်တွင် ခွန်းက သူ့ရုံးခန်း သူ ပြန်လာခဲ့သည်။ ညနေ ကျောင်းဆင်းတာနှင့်ပြန်ရဖို့အရေး အလုပ်တွေကို အပြီးလုပ်ထားရလိမ့်မည်။

တစ်ဖက် ကိုကို့ ရုံးခန်းထဲမှာတော့ တိမ်တိုက်က ကိုကို့နေရာ ထိုင်ကာ ရှန်မင်းနှင့်ကိုကိုတို့ က ဝိုင်း၍ စစ်မေးနေကြသည်။

'' ဆိုတော့ ပြန်တည့်သွားကြပြီလား ''

ကိုကို မေးတော့ တိမ်တိုက် ကိုကို့ကို မျက်လုံး တစ်ဖက်မှိတ်ပြလိုက်သည်။ သုံးယောက်သား စကားကောင်းနေစဥ် အခန်းရှေ့တွင် အမရာရောက်လာသည်။ တံခါးခေါက်ပြီးဝင်ဖို့လုပ်ရာ တိမ်တိုက်တို့နှင့်စကားပြောသံကြားတာမို့ မဝင်သေးပဲ အပေါက်ဝကနေ နားထောင်နေလေသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now