Episode - 25

5K 345 5
                                    

ဇူလိုင်လ၏ အင်္ဂါနေ့ ညနေခင်းတစ်ခုတွင် လမ်းထောင့်ရှိ ကော်ဖီဆိုင်လေးအတွင်း အနက်ရောင် နံရံပေါ်တွင် သေသပ်လှပ၍ ကဗျာဆန်သော ပန်းချီကားများ အပြည့် ချိတ်ဆွဲထားသည်။ ထို့အထဲတွင် ရွှေရောင်အနားကွပ်လေးတွေပါသည့် အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ပန်းချီဆရာမ ပေါက်စ လေးတစ်ဦး ရှိသည်။ ဆိုင်၏အလယ်တွင် လည်း အဖြူရောင် သုံးထပ် ကိတ်မုန့်ကြီးမှာ ခမ်းခမ်းနားနား ရှိနေသေးသည်။ ကိတ်မုန့်ပေါ်တွင် ချောကလက် ခရင်မ်ဖြင့်
နှောင်းခနွေ ဟုလည်း ရေးထိုးထားသည်။

ပထမအစီအစဥ်တွင် ပွဲက အဲ့သည့်လောက် မကြီးပါ ။ နောက်မှ စီစဥ်ရင်း စီစဥ်ရင်း ကြီးသွားခြင်းဖြစ်သည်။ ရန်ကုန်မှ သူငယ်ချင်းအဟောင်းများနဲ့သာ ပွဲကိုသေးသေးလေးလုပ်ရန်
စီစဥ်ထားသော်လည်း ပန်းချီအသိုင်းအဝိုင်းမှ မိတ်ဆွေများနှင့် မထင်မှတ်ပဲ တွေ့ဆုံခဲ့တာကြောင့် ပွဲကကြီးသွားသည်။ လူငယ်ပန်းချီဆရာများပါသလို ဝါရင့် စီနီယာကြီးများလည်းပါသည်။

ယခုတော့ မကျဥ်းမကျယ် ကော်ဖီဆိုင်လေးအတွင်း အဖြူ ရောင်တွေ ဝတ်ဆင်ထားသော လူများအစု မှာ နေရာအနှံ့ ပြန့်ကျဲနေသည်။ ကိတ်ကို မှောင်ခါနီးမှ ခွဲမည်ဖြစ်၍ ဧည့်ခံထားသော အစားအသောက်များကို တလှုပ်လှုပ် စားသောက်နေကြသည်။ နှောင်း ကတော့ စီနီယာ ဆရာသမားတွေဝိုင်းနားရောက်နေကာ ပန်းချီအကြောင်းတွေ ဆွေးနွေးနေကြသည်။

ပန်းချီ ပြပွဲပြီးသွားမှ နှောင်း ခင်းကျင်းပြသခဲ့သော ပန်းချီ ၅ကားအနက် ၂ကားရောင်းထွက်သွားသဖြင့် နှောင်းကို ချီးကျူးဂုဏ်ပြုနေကြသည်။

ထိုစဥ် ဆိုင်တံခါးပွင့်သွားပြီး ဆိုင်တွင်းသို့ အဖြူရောင် မင်းသားလေးနှစ်ပါးကြွရောက်လာသည်။ တစ်ဦးမှာ ငွေရောင်ဆံပင်တွေကို အလယ်ကျကျ ခွဲထားပြီး အဖြူရောင် ရှပ်အပွကို အသားရောင် ဂျင်းပင် ထဲ ထည့်ကာ Gucci ခါးပတ်ဖြင့် တွဲဝတ်ထားသည်။ ရှန်မင်း ထိုခါးပတ်ကို ဝယ်ရန် အတော်ကြာအောင် အန်တီခိုင်ဆီမှ ဘတ်ငွေတွေကို စုဆောင်းခဲ့ရခြင်းပင်။

ရှန်မင်းဘေးမှာတော့ အဖြူရောင်တီရှပ်​ပြောင် ပေါ်မှာမှ တင်အထိရှည်သော အဖြူရောင် ရှပ်လက်ရှည် ကို ကုတ်အနေနဲ့ထပ်ဝတ်ထားသည်။ တီရှပ်အဖြူကို ဂျင်းဘောင်းဘီ အဖြူရောင်ထဲ ထည့်ဝတ်ထားသေးသည်။ အနက်ရောင်ဆံပင်တို့ကတော့ နဖူးပေါ်တွင် အနည်းငယ် ကျနေသည်။ ဤသို့ လူငယ်ဆန်နေသော အဖြူရောင် မင်းသားလေးမှာ တိုင်းရင်းသားလေး
စောမဟာသွေး ဖြစ်သည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now