Episode - 6

6.6K 450 1
                                    

လာမည့်အပတ်တွင် တက္ကသိုလ် ဝင်စာမေးပွဲ များကျင်းပမည်ဖြစ်ရာ ခွန်းတစ်ယောက် တနင်္လာ နေ့ စာမေးပွဲ မတိုင်မှီ သောကြာနေ့​ နေ့လည် ကပင် ရွာသို့ အလျင်ပြန်ပြေးသည်။ အဆောင်တောင် မပြန်ပဲ ကျောင်းမှပင် တိုက်ရိုက်ပြန်သွားတာပင်။

တိမ်တိုက်ကိုတော့ ညကျရင် ဖုန်းဆက်မည်ဟူသော မက်ဆေ့ချ်တစ်စောင်သာ ချန်ခဲ့၍ စောင့်စေခဲ့သည်။

တိမ်တိုက် အိမ်ပြန်ရောက်၍ ထမင်းစားသောက်ကာ နားနေသည့် တိုင် ခွန်းဆီမှ ဖုန်းဝင်မလာပါ။ သူ့ဘက်က စ ဆက်ရန်စဥ်းစားလိုက်သည်။ သို့သော် ကလေးတွေ စာသင်နေချိန်နဲ့ တိုးလျှင် ခွန်း စိတ်ကွက်သွားမည် စိုးသဖြင့် ကြည့်လက်စ  Drama  အား ကြည့်ကာ စောင့်နေလိုက်သည်။

ထိုစဥ်
📲🎶 My heart is stereo It's beat for you so listen close. ..

'' ဟယ်လို ''

တိမ်တိုက်ဖုန်းကို ချက်ချင်းကောက်ကိုင်လိုက်သည်။ နာရီကိုကြည့်မိတော့ ၁၂နာရီကို ၅မိနစ်ပင်စွန်းနေပြီဖြစ်သည်။

'' ဟော မအိပ်သေးဘူးလား တိမ်တိုက်ရဲ့ ကိုယ်က အိပ်သွားပြီတောင် ထင်တာ ''

'' ဟီးဟီး ဇာတ်ကားလေးကောင်းနေတာနဲ့ ။ ကိုခွန်း အိပ်တော့မှာလား ''

'' မအိပ်သေးဘူး တိမ်တိုက်ရဲ့ ကလေးတွေ စာကျက်တာကို ကူစောင့်ပေးနေတာ သူတို့ ရေးဖြေ ဖြေနေတုန်း ခန ထွက်လာတာ ''

'' ထမင်းရော စားပြီးပြီလား ဗျ ''

'' ကိုယ်နွားနို့တော့သောက်ထားသေးတယ် ''

'' ဟမ် ပြန်သွားကတည်းက ဘာမှ မစားရသေးဘူးလား။ အစောကြီးပြန်သွားတာလေ ''

'' အင်း ဟုတ်တယ် ပြန်ရောက်ပြီး ဝိုင်း ကို အရင်သွားလိုက်တော့
ကိုယ့်ကလေးတွေထဲက တစ်ယောက်က ကျူရှင်မလာလို့လေ။ သူ့ အိမ်အရင်လိုက်သွားတာ... ဟိုရောက်တော့ ကလေးက စာမေးပွဲ မဖြေချင်တော့ဘူးလို့ပြောနေလို့ မနည်းနားချပြီး ပြန်ခေါ်နေတာ ။အဲ့တာနဲ့ ဝိုင်းဘက်ပြန်ရောက်တော့ နောက်ကျနေတာနဲ့ မစားတော့ပဲ စာကူကျက်ပေးနေတာ ခုမှ နဲနဲအားတာ ''

မဆီမဆိုင် သည်ဘက်က တိိမ်တိုက်မျက်နှာလေး ညိုးသွားသည်။

'' ကိုခွန်း ပင်ပန်းနေရောပေါ့ တစ်ခုခုတော့ စားလေဗျာ''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now