Episode - 5

7.4K 520 12
                                    

ကော်ဖီ အတူသောက်သည့်နေ့မှစကာ ခွန်းနှင့်တိမ်တိုက် တို့ပို၍ ရင်းနှီးလာကြသည်။ ညနေ OT မရှိသည့်နေ့များတွင် ခွန်းနှင့် ကားဂိတ်တွင် အမြဲဆုံဖြစ်သည်။ တိမ်တိုက်အရင်ရောက်လျှင် ခွန်းအား စောင့်နေတတ်ပြီး ခွန်း ကျောင်းစောဆင်းလျှင်လည်း တန်းမပြန်ဖြစ်ပဲ တိမ်တိုက်အား စောင့်လေ့ရှိသည်။ ထိုအခါများတွင် ကျောင်းကွေ့မှတ်တိုင်အထိ လမ်းလျှောက် ရင် လျှောက်၊ မဟုတ်ရင် ကော်ဖီ သွားသောက်လေ့ ရှိသည်။

ရွက်ဟောင်းများ မြေခနေသော သည်နွေဦးကို သူတို့နှစ်ယောက်လုံး သဘောကျ ကြသည်။ ​နေကျချိန် ညနေတိုင်းတွင် ကားမစီးပဲ စိုက်ပျိူးရေးမှတ်တိုင်ကနေ အင်းလျားကန်ဘောင် အဆုံးထိလမ်းလျှောက်ကြသည်။ ထို့ပြင် နောက်မှတ်တိုင် နှစ်ခုလောက်ထပ်လျှောက်လျှင် ခွန်းအဆောင်သို့ ဝင်သော မှတ်တိုင်ရှိသောကြောင့် ကျောင်းကွေ့ထိ လမ်းလျှောက်ကြသည်။

ဤသို့ဖြင့် ဆုံဖြစ်ကြလျှင် စကားစမြည်ပြောရင်း ကျောင်းကွေ့ထိ လမ်းလျှောက်ကြသည်။ ကန်ဘောင်တွင် တစ်ထောက်နားကာ အင်းလျားရေပြင်အား နှစ်ယောက်အတူတူ ကြည့်ကြသေးသည်။ ညနေပိုင်းသို့ရောက်လျှင် ကန်ဘောင်ပေါ်တွင် လူစည်လှသည်။

စျေးသည်ကလေးများနှင့် လိုက်တောင်းရမ်းသော ကလေးအချိူ့လည်းရှိသည်။ ညနေခင်း လမ်းထွက်လျှောက်ကြသော လူကြီးများလည်း ရှိသကဲ့သို့ ခွေးကလေးများ ဆွဲကာ လမ်းလျှောက်ထွက်လာကျသော လူငယ်လေးများလည်းတွေ့ရသည်။ မြက်ခင်းစိမ်းပေါ်တွင် အုပ်စုလိုက် အကျအနထိုင်ကား ဂီတာတီး၍ သီချင်း ညည်းနေကြသူများလည်း ရှိသည်။ စိုက်ပျိူးထားသော အပင်လုံးကြီးများအောက်တွင်လည်း ချစ်သူစုံတွဲများအား တစ်တွဲစ နှစ်တွဲစ တွေ့ရတတ်သေးသည်။

တစ်ချိူ့နွေဦး ရက်များတွင် အဖြူအစိမ်း ယူနီဖောင်းဖြစ် ခန့်ညားနေသော ကျောင်းဆရာလောင်းလေး နှင့် ဖလန်နယ်အကွက်အပွ လက်ရှည်တစ်ထည်အား အမြဲ ထပ်ဝတ်ထားကာ အုန်းမုက်ခွက်ခေါင်း လုံးလုံးလေးဖြင့် ချစ်စရာကောင်းသော Call center ဝန်ထမ်းကောင်လေးတို့ ရယ်ရယ်မောမော စကား ပြော၍ လျှောက်နေကြသည်ကို တွေ့ရပေလိမ့်မည်။ ထို့ပြင် တစ်ချက်တစ်ချက် ထိုအုန်းမုက်ခွက်လေးအပေါ် ရောက်ရောက်သွားတတ်သော အညိုရောင် လက်ဖဝါးလေး တစ်ဖက်လည်း ရှိသေးသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now