Episode - 60 🔞

9.2K 333 24
                                    

သိပ်မအေးလှသော ေဆာင်း မနက်ခင်းတစ်ခု.... အနွေးထည်အပါးလေးကို ဝတ်အိပ်နေကျ ညအိပ်ဝတ်စုံပေါ်တွင် အသာအယာ လွှားဝတ်ထားသော တိမ်တိုက်ကြိုး။ လေအေးတွေတိုက်ခတ်လာရင် ပိုအေးသွားတာကြောင့် ပြတင်းပေါက်တွေကိုပိတ်ပေးဖို​ ့ကုတင်ပေါ်ကနေ ချစ်သော မောင် တစ်ယောက်အား ခိုင်းစေနေသည်။

ဗိုက်ဆာနေပြီ မို့ မီးဖိုခန်းထဲ သွားရန် ချီခိုင်းတော့  ခေါ်သွားပေးရှာသည်။ မီးဖိုခန်းထဲရောက်တော့လည်း ခွန်းပြင်ပေးသော မနက်စာကို တိတ်ဆိတ်စွာ တမြုံ့မြုံ့စားနေသည်။ နိုးလာကတည်းက စကားပြောရမည်ကို ငြင်းဆန်နေသော တိမ်တိုက်ကြိုး။ ခွန်း၏ အမေးများကိုလည်း ဖြေချင်မှသာ ထဖြေသည်။

''ပြုတ်ပေးသော ဆန်ပြုတ်ထဲမှ ပြောင်းဖူးစေ့လေးတွေကို ရွေးခပ်စားနေစဥ်......

'' စိတ်ကောက်နေတာလား တိမ်တိုက်... ''

ခွန်းမေးသော မေးခွန်းကို မျက်လုံး လေးတစ်ချက်လှန်ကြည့်လိုက်ပြီး ခေါင်းခါကာ ဆန်ပြုတ်ကိုဆက်သောက်နေသည်။

'' သက်သာလား.... နေလို့ရော အဆင်ပြေလား မောင် ခွင့်လှမ်းယူလိုက်ရမလား ''

တိမ်တိုက် ဘာမှ ပြန်မဖြေ ။ ခွန်းကိုလည်း ဂရုမစိုက်ပဲ ဆန်ပြုတ်ကိုသာ ဆက်စားနေသည်။

'' ကလေးကကွာ... စကားပြန်ပြောလေ ''

'' လူလိမ်တွေနဲ့ ကျွန်တော် စကားမပြောဘူး ''

အားမရှိသည့်အသံလေးက ေဆာင့်ကြီးအောင့်ကြီး ထွက်လာသည်။

'' မောင်ဘယ်မှာလိမ်လို့လဲ မင်းစိတ်ကြိုက် အပေါ်မှာ....''

'' မောင့်! ''

တိမ်တိုက် ဇွန်းကို ဆောင့်ချကာ ခွန်းကို ပိတ်အော်လိုက်သည်။

'' တိမ်တိုက်ကြိုး.... မောင့်ကို အခုအော်လိုက်တာလား ''

ခွန်း အသံဟာ တည်သွားပြီး ခပ်မာမာ ပြောလိုက်တော့လည်း တိမ်တိုက်၏ မာန်မဲချင်နေသော မျက်လုံးအရောင်တို့က မပျောက်ပျက်သွား။

'' အဲ့တော့....မောင်ဘာဖြစ်ချင်လဲ ''

တစ်စ တစ်စ ရဲတင်းလာလိုက်ပုံများ အရင်က တိမ်တိုက်ကြိုး ဟု နာမည်အပြည့်အစုံခေါ်လျှင် အမြီးလေးကိုကုပ်လို့...အခုများကျတော့လည်း....

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now