Episode - 11

5.2K 511 10
                                    

ပြေးထွက်သွားသော ကျောပြင်လေးကို ကြည့်နေရင်း မြပိုးပန်ချီဆီမှ ဖုန်းဝင်လာသည်။ ဇွဲရှိရှိ ပြန်လိုက်ထားသောကြောင့် အခြေအနေပြန်ကောင်းလာသော ရှန်မင်း တို့ relationship ။

'' ဟယ်လို မ နိုးနေပြီလား ''

'' အင်း နိုးပြီ မောင်ရော အခုဘာလုပ်နေလဲ ''

'' မောင်အခု ဒဂုံမှာ သူငယ်ချင်းတစ်ယောက် ကို ကျောင်းလိုက်ပို့ပေးနေတာ။
ဒါနဲ့ မ မနက်စာရော စားပြီးပြီလား ''

'' မစားရသေးဘူး မောင်ရဲ့ မေမေခိုင်းလို့ မြောက်ဒဂုံထဲ ခနရောက်နေတာ မောင်ရော ''

'' မောင်လည်း မစားရ​သေးဘူး ဒီလိုလုပ်မလား ဟိုတစ်ခါတွေ့တဲ့ ကော်ဖီဆိုင်မှာ မနက်စာ သွားစားကြမယ်လေ ဟိုတစ်ခေါက်က ကောင်လေးနဲ့လည်း မ ကို မိတ်ဆက်ပေးမယ်။ ''

နင်အိမ်မှာ မြိုလာတဲ့ထမင်းကြော်တွေက ဘာတုန်း ရှန်မင်းခက်။

'' မောင့်သဘောပဲ ဒါမဲ့ မ နည်းနည်းနောက်ကျမယ် ထင်တယ် ''

'' နောက်ကျတာများ အရေးလား မ ရယ် သံသရာဆုံးထိ ဆိုလည်း မောင်ကစောင့်မှာပါ နောက်ဆုံး မောင့်ဆီ မ ရောက်လာရင် ရပြီ ''

'' ဟုတ်ပါပြီ မ့ရဲ့အတတ်ကလေးရယ် See u နော် ''

'' See ya ma mwah ''

ဒဂုံ ဝင်းထဲမှ ပြန်ထွက်လာပြီး ကော်ဖီဆိုင်သို့ ဦးတည် မောင်းနင်းလိုက်သည်။

ကမ္ဘာပေါ်မှာ အချစ်တတ်ဆုံးလူသားဆိုရင် သူပဲဖြစ်ပါလိမ့်မယ်။ လှရင်လည်း ချစ်တယ်။ ချောရင်လည်း ချစ်တယ်။ တော်ရင်လည်း ချစ်တယ် ။ ထက်မြက်ရင်လည်း ချစ်တယ်။ ဘာမှ မတတ်တဲ့ ခပ်တုံးတုံး အသည်းယားစရာလေးဆိုရင်လည်း သူက ချစ်လိုက်ပြန်ရော။

တစ်ခါတလေ တပြိုင်တည်း လည်း နှစ်ယောက်ကို ချစ်ချင်ချစ်သည်။ အင်မတန် အချစ်ပေါများသော အမျိူးသားလေးပါ။

သူကသဘောကျရင်လည်း တွဲလိုက်ပြီး သူ့ကိုလာသဘောကျရင်လည်း တွဲလိုက်ပြန်ရော။ ငြီးငွေ့ သွားရင်လည်း ဖြတ်ပလိုက်ပြန်ရော။

ပွေလွန်းရှုပ်လွန်းတတ်သူ ဖြစ်သော်လည်း ရုပ်ခံလေး​ကြောင့် လူကြိုက်များလှသည်။ ရှန်မင်း Single ဖြစ်နေ သည် ဟူ၍ ကြာကြာ မကြားရ။ တစ်ယောက်နဲ့ လမ်းခွဲ ပြီး နောက်တစ်ယောက်က အော်တို ​ပေါ်လာတတ်စမြဲ။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now