Episode - 70

6.6K 320 17
                                    

​​လေး နှစ်ခန့် ကုန်လွန်ပြီးသော အခါ....

ကားပေါ်မှ ဆင်းလာသော အဖြူအစိမ်းဝတ်ထားသည့် အသက် ၃၀ ကျော်အမျိူးသားတစ်ဦး..... အဝါရောင်ဆေးသုတ်ထားသော အိမ်လေး၏ ကျွန်းတံခါးမကြီးကို ဖွင့်ကာ အသာဝင်လာသည်။

'' အာ့ ''

ခပ်စူးစူးအရာတစ်ခု သူ့ခြေထောက်ကို လာစူးနေသဖြင့် ခြေဖဝါးကိုမပြီး ကြည့်လိုက်တော့.... ဘီးတွေပြုတ်နေသော ခပ်သေးသေး အရုပ်ကားလေးတစ်စီး။ နင်းလိုက်မိသော ခန္ဓာကိုယ် အရှိန်ကြောင့် ဘီးပြုတ်ထွက်နေသဖြင့် ထိုးထွက်နေသော သံချောင်းက ခြေဖဝါးကြမ်းကြမ်းထဲ အနည်းငယ်စိုက်ဝင်ကာ သွေးစလေးတောင်ထွက်လာသည်။

မျက်မှောင်ကြုံ့လိုက်ကာ ဧည့်ခန်းတစ်ခုလုံးကို စနည်းနာကြည့်တော့ သူ့နှုတ်ခမ်းတွေ တင်းတင်းစေ့သွားကာ မျက်ခုံးတန်းနှစ်ခုက နဂိုထက်ပိုနီးကပ်သွားသယောင်။

အရုပ်တွေက ဧည့်ခန်းအနှံ့မှာ ရှိနေပြီး..ဧည့်ခန်းစားပွဲပေါ်မှာ ချောကလက် အခွံတွေနှင့် အပူခံဓာတ်ဘူးလေး နှစ်ဘူးက အဖုံးတွေပွင့်လျက်သား။

အပေါ်ထပ်တက်သည့် လှေကားရင်းကိုကြည့်လိုက်တော့လည်း... မေးခွန်းတွေပါသည့် စာရွက်တွေ....တစ်နည်းအားဖြင့် သူ့ရဲ့ မေးခွန်း စာရွက်တွေ ကို လေယာဉ်ပျံလုပ်ထားသည်။

'' အပေါ်က အုန်းမုက်ခွက် နှစ်လုံး...အခုချက်ချင်း ဆင်းလာစမ်း ''

ခွန်းမာနမောင် ၏ ခပ်ဩဩ အသံကြီးက အဝါရောင်နှစ်ထပ်တိုက် အိမ်လေးထဲ အမိန့် ဆန်စွာ ဟိန်းထွက်လာသည်။

Bathtube ထဲက နှစ်ယောက်ကတော့ ဆပ်ပြာအမြှုပ်တွေနဲ့ ဆော့နေရင်း ခွန်း၏ အသံကြောင့် လန့်ကာ ကိုယ်လုံးလေးတွေတုန်သွားကြသည်။

'' ဟျောင့် ထွက်...ထွက်...ကျောင်းအုပ်ကြီး ပြန်လာပြီကွ...''

" ခွန်ဖော့် (คุญพ่อ - အဖေ) ...ကို ပြောတားပဲ။ ဖေဖေ ဒီနေ့ စောစော ပြန်ယာမှာပါစို။ ''

'' စကားမများနဲ့ကွာ မြန်မြန်ဆင်းသွားလိုက်။ ငါ နေမကောင်းလို့ အိပ်နေတယ်ပြောလိုက် ''

'' ဂျာ...ဖော့် ( พ่อ - အဖေ) ...ဖော့် ပဲ ဆင်းသွားလေ။ သား..ကြောက်တယ်...ဖေဖေ က ဖော့်ကို ပိုချစ်တာပဲကို ''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now