Episode - 69

6.6K 342 30
                                    

မိုးတွေ သဲကြီးမဲကြီး ရွာနေသည်။ မနေ့ညကတည်းက ငြိုးထားသော တိမ်အစုတို့က သည်နေ့မနက်မှာ တားမရဆီးမရ အောင် ပြိုကျနေလေပြီ။

မနက်မိုးလင်းထဲ နေရောင်ကို ခုထိ မမြင်ရသေး။ အရှိန်ပြင်းပြင်း ရွာချနေသော မိုးစက်သံတွေက အခန်းတွေကိုသာ လုံအောင်မပိတ်ထားဘူးဆိုလျှင် အော်ဟစ်နေလိုက်ကြမယ့် ဖြစ်ခြင်း။

အပြင်က မိုးစက်တွေကိုကြည့်ရင်း သက်ပြင်းလေးချကာ ကုတင်ပေါ် အေးချမ်းစွာ အိပ်စက်နေသော ကောင်လေးကို လှည့်ငေးမိသည်။

ပကတိဖြူစင်နေတဲ့ ကောင်လေးက မျက်ရည်တွေနဲ့ လုံးဝကို မလိုက်ဖက်တာကို အကြိမ်ကြိမ်သတိပြုမိသော်လည်း မတတ်နိုင်ခဲ့ခြင်းသာ။

'' ဟင်း......''

ကြည့်နေရင်း လှုပ်ရွလာကာ ညည်းသံလေးတစ်ချက်ထွက်လာပြီး တစ်ဖက်ကိုလှည့်ကာ ပြန်အိပ်ပျော်သွားပြန်သည်။

မနေ့ညက တိမ်တိုက်..... ဆေးအရှိန်ကြောင့် အသိစိတ်လွတ်နေခဲ့တာပင်။ အခန်းထဲရောက်ပြီး သေချာသန့်ရှင်းပေးရင်း ဆေးထည့်မယ်လုပ်တော့....တိမ်တိုက် အပေါက်ငယ်လေးက ထင်ထားတာထက် ပိုကွဲကာ သွေးတွေထွက်နေလေသည်။ သူတောင် တစ်ခါမှ တိမ်တိုက်အပေါ် သည်လောက်ထိ မကြမ်းမိ။ ဒီတစ်ခါတော့ ဆေးအရှိန်ကြောင် တိမ်တိုက်ချည်း ဦးဆောင်သွားတာမို့ ခွန်း အနေနဲ့ တားမရခဲ့။

ခုထိစိုးရိမ်နေတာတစ်ခုရှိသေးသည်။ သူ့ရဲ့...မျိူးပွားသုတ်ငယ်လေးတွေက တိမ်တိုက် အထဲကို အတော်အသင့်ရောက်သွားပြီးနေပြီဖြစ်သည်။ ဒီအတွက်..​ရရှိလာမည့်ရလဒ်ကို စိတ်ပူနေမိသည်။ တိမ်တိုက် ထပ်ပင်ပန်းရမှာကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်တော့ပေ။

'' ဟင်း.....မောင်.......''

မျက်လုံးမှိတ်ကာ ခေါ်လာသူ တိမ်တိုက်ကြောင့် ခွန်း ကုတင်ပေါ် အမြန်တက်သွားလိုက်သည်။

'' နိုးပြီလား ကလေး ''

'' မျက်လုံးဖွင့်လို့မရဘူး....မောင်.... ''

လေးပင်နေသော လေသံလေးဖြင့် အားမရှိစွာပြောရှာသည်။ မနေ့က တော်တော်လေး ငိုထားမိသော တိမ်တိုက်မျက်လုံးတွေက အတော်ပင်ပန်းနေပုံပင်။ မို့အစ်ဖောင်းကား နေကာ ဖွင့်ဖို့ခက်နေသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now