Episode - 47

4.4K 322 26
                                    

ခါတိုင်းမနက်ခင်းတွေနှင့်မတူပဲ သည်တစ်ခေါက် နိုးနိုးချင်း မြင်လိုက်ရသည်က ဆေးရုံမျက်နှာကျက် ဖြူ​ဖြူကြီး မဟုတ်ပဲ...အလှမီးဆိုင်းသေးလေးတစ်ခုတပ်ဆင်ထားသည့် အဝါနုရောင်မျက်နှာကျက်လေးတစ်ခု။

ခါးပေါ်ရောက်နေသည့် အညိုရောင်လက်တစ်ဖက်ကြောင့်ဘေးကို စောင်းငဲ့ကြည့်တော့ ချောမောပြေပြစ်လှသည့် မောင့်မျက်နှာ ညိုညိုလေး။ ခါတိုင်းလို ဖီးတင်မထားတာကြောင့် မောင့်ဆံပင်တွေက နဖူးထက်မှာ အပြည့်ဝဲကျနေတာပေါ့။ အမြဲတမ်း အဘိုးကြီးပေါက်စလို နေနေတတ်သည့်မောင်က ဒီမနက်တော့ လူငယ်ဆန်ဆန် ကြည့်ကောင်းနေတာ။

ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ကြည့်တော့ ပိုမိုတင်းကြပ်သွားတဲ့ မောင့်လက်တွေက တစ်ပါတည်း ကျွန်တော့် ခါးကို သူ့ဘက်ဆွဲယူလိုက်ပုံများ စွေ့ခနဲ ။ အဲ့တော့ ကျွန်တော့်မျက်နှာဟာ မောင့်လည်ပင်းအလယ်က လည်စေ့လေးနားမှာ။ တစ်ချက်တစ်ချက် လှုပ်သွားတာကြောင့် မောင်နိုးနေမှန်းသိတယ်လေ။

အဲ့တာကြောင့် အဲ့ဒီ့ လည်စေ့ညိုညိုလေး ခဏ ရပ်နေတဲ့အချိန်မှာ နှုတ်ခမ်း နဲ့ထိုအရာလေးကို ဖိနမ်းပစ်လိုက်တော့ မောင်လန့်သွားပုံပေါ်ပေမယ့် မျက်လုံးက ဖွင့်မလာသေး။ အဲ့ဒါနဲ့အသည်းပေါက်စွာ ဆက်တိုက် တရွှတ်ရွှတ်နမ်းတော့ မောင်က အသံထွက်ကာ ရီပါလေရော။ တစ်ဆက်တည်း ခါးပေါ်က
မောင့်လက်ချောင်းတွေက ငြိမ်ငြိမ် မနေတော့ပဲ...ဗိုက်ကြောလေးတွေကို ကလူတော့ ကျွန်တော့်ခမျာ ကုတင်ပေါ်မှာ ငါးရံ့ ဆားပက်သလို တွန့်လိမ် တွန့်လိမ်။

'' အား...ခစ်...မောင့်.... ယားတယ်..အာ့...မောင်... မလုပ်နဲ့လို့...ခစ်ခစ် ''

အတင်းဖယ်ထုတ်လည်း မရ။

'' ပြော အိပ်​နေတဲ့သူကို စဦးမလား..ဟင် ''

'' ဟာ့ ...မစတော့ဘူးလို့....အာ့..ဟာ့...မောင်..ရပ်တော့ကွာ.. ''

ထိုအခါမှ ရပ်သွားသော ခွန်းလက်တွေ။ တိမ်တိုက်ကို ရင်ခွင်ထဲ ဆွဲသိမ်းပြီး တင်းနေအောင်ဖက်ထားလိုက်သည်။ ရယ်သံတွေအဆုံးမှာ တိတ်ဆိတ်သွားသော အဝါရောင် အခန်းကျဥ်းလေး...။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now