Episode - 4

8.3K 576 18
                                    

ကားဂိတ်တွင် စာအုပ်အိတ်ကြီး တစ်ယောက် တစ်အိတ်ဆွဲကာ နေရာရသည့်ကားကို စောင့်နေကြသည် ။ ပိတ်ရက်ဖြစ်သည်မို့​ညနေဆိုလျှင် လူကြပ်တတ်သည်။.

ရှန်မင်းက' မာလာမှာစောင့်နေသည် ' ဟု မက်ဆေ့ချ် ပို့လာသောကြောင့် လာသည့် ကားပေါ်ကို တက်လိုက်တော့သည်။ ကံကောင်းစွာပင် ကားက လူချောင်နေကာ နေရာပင်ရသည်။ စာအုပ်အိတ်တွေက လေးသောကြောင့် အဆင်း အပေါက်နားက ခုံမှာပဲ နှစ်ယောက်သား ဝင်ထိုင်လိုက်သည် ။

စာအုပ် များကို မတ်တပ်ရပ်ပြီး အကြာကြီးရွေးလာရသဖြင့် တိမ်တိုက် တစ်ယောက် ပင်ပန်းကာ ကား အဲလ်ကွန်းလေကြောင့် အိပ်ငိုက်လာသဖြင့် ဘေးက ကားမှန် ကို မှီကာ လက်ကလည်း သူ့စာအုပ်ထုတ်ကြီးကို ငွေထုတ်အလား ပိုက်ထားသေး သည်။

ဒုတ် ဒုတ် !!

ကားက လှုပ်သောကြောင့်
တိမ်တိုက်ခေါင်းနှင့် ကားမှန်တို့ မိတ်ဆက်ခန်းဖွင့်နေကြသံ ဖြစ်သည်...

'' တိမ်တိုက် ကိုယ့်ကို မှီမလား ''

စကားသံကြား၍ ​ဘေး ဘက်လှည့်ကြည့်လိုက်သောအခါ ခါးလေးတောင်မကုန်းထားပေးပဲ မတ်မတ်ကြီးထိုင်နေသော ခွန်း။ သူ့မျက်လုံးရှေ့တွင် ကြွက်သားများဖြင့် တင်းရင်းနေသော လက်မောင်း....

ဘာလဲဟ ဒီလူ ငါ့ကို လှောင်တာလား..သူ့အရပ်ကလန်ကလားကြီး နဲ့ ငါက
သူ့ပုခုံးမှီဖို့ဆို ခုံပေါ် ဆောင့်ကြောင့် တက်ထိုင်မှ မှီမှာပေါ့။ တိမ်တိုက် ဘာမှ ပြန်မပြောပဲ ခုံရဲ့ အနောက်ကိုသာ မှီကာ မျက်လုံးများ ပြန်ပိတ်လိုက်တော့သည် ။

ပင်ပန်းနေပြီလေ အသံတောင်မထွက်နိုင်တော့။

ခွပ် ခွပ်! !

ဒီတစ်ခါ ကတော့ တိမ်တိုက်ရဲ့ နောက်စေ့နဲ့ မှီချထားသော ခုံအနောက်မှီ လက်တန်းတို့တွေ့ဆုံ ခန်းပါ။

နာမှန်း သိသော်လည်း မမှီသည့် ပုခုံးအား မှီခိုင်းနေသော လူကြီးကြောင့် မျက်လုံးမှိတ်ကာ အသာကြိတ်ခံနေရတော့သည်။

ထို့နောက် တိမ်တိုက်ရဲ့ နောက်စေ့သည် မာကျောသော လက်တန်းနဲ့ တွေ့နေရာမှ ရုတ်တရက် ပူနွေး ၍ ကြီးမားကျယ်ပြန့်သော အသားစိုင်တစ်ခုကို ခံစားမိသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ခွန်း ဘယ်ဘက်လက်ဖဝါး မှာ သူ့ ခေါင်းနောက်သို့ရောက်နေ၏။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now