Episode - 51

4.2K 296 29
                                    

မနက် ၇နာရီထိုးတော့ နာရီနှိုးစက် မြည်သံက တစ်ခန်းလုံးကိုဆူညံသွားသည်။ မျက်လုံးကို မဖွင့်ပဲ ကုတင်ခေါင်းရင်းက စားပွဲပေါ်က အဝါရောင်နာရီလေးကို ခလုတ်လှမ်းပိတ်လိုက်တော့ တစ်ခန်းလုံး အပ်ကျသံတောင်မကြားရပဲ တိတ်သွားပြန်ရော။ ဘေးကို လက်နဲ့စမ်းကြည့်တော့.... အေးစက်စက် အိပ်ယာခင်းက မောင် တစ်ယောက် ကျောင်းရောက်သွားပြီတဲ့။

ဒီနေ့က မောင့် ကျောင်းဖွင့်ပွဲ ။ အချိန်တွေကုန် လူတွေပင်ပန်းကာ ဟိုပြေးဒီပြေးနဲ့ မောင့်နေ့လေးက ရောက်လာခဲ့ပြီ။ ကျွန်တော်သိသည်.. မောင်က သူ့ကျောင်းအတွက် ဝမ်းသာမဆုံးဖြစ်နေပုံရပေမယ့် တကယ်တော့အပြည့်အဝ မဟုတ်ခဲ့​ေပ။
မောင့်အတွက် ဒီလှေကားတစ်ထစ်မှာ အပေးအယူတွေအများကြီးရှိခဲ့ပုံပင်။

ဘယ်လိုပဲဖြစ်ဖြစ် မောင်က အောက်ခြေကနေ ဒီအထိရောက်လာတာဆိုတော့ ကျွန်တော်က ဂုဏ်ယူရမှာပေါ့။
မောင်ပင်ပန်းခဲ့တဲ့အချိန််တွေ အနားမှာ ရှိမပေးနိုင်တာကိုတော့ ဝမ်းနည်းရတယ်။

..............

'' တိမ်တိုက်ရေ ထတော့လေ ။ နောက်ကျနေမယ် ''

'' ဟုတ် ''

အပြင်က ဒေါ်ယုယမြိုင်အသံကို တိမ်တိုက် လှမ်းအော်ကာ တုံ့ပြန်လိုက်သည်။

📲 My heart is stereo It's beat for you so listen close .Here my though and every not Oh. .oh. ..

ခွန်းဆီက ဖုန်းမို့ ရေချိူးခန်းဘက်သွားနေတဲ့ခြေလှမ်းတွေက ကုတင်နား ပြန်လျှောက်လာသည်။

'' ဟယ်လို မောင် ''

'' နိုးပြီလား ကလေး ။ ''

'' အင်း အခုပဲ မောင်နှိုးစက်ပေးခဲ့တာလား ''

'' ဟုတ်တယ်။ ကျောင်းက မောင့်ကိုအစောကြီး လှမ်းခေါ်လို့လေ။ မီးဖိုချောင်ထဲမှာ မောင် မိုင်ကော်ဖီ ဖျော်ထားခဲ့တယ် သောက်လိုက်နော်။ ဝတ်ရမယ့် အင်္ကျီက ဗီဒို ဘေးထောင့်မှာ ချိတ်ထားတယ်။

'' ဟုတ် ''

''ပုဆိုး ဝတ်တာမခိုင်သေးဘူးဆို တစ်ခါတည်း ခါးပတ်ပတ်လာနော် ''

'' ကျွန်တော် ပုဆိုးဝတ်တတ်နေပါပြီ မောင်ကလည်း ''

'' အင်းပါ အင်းပါ ။ ညကမောင်ပြောတာတွေ မှတ်မိရဲ့လား ''

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now