Episode - 16

5.2K 360 4
                                    


အနောက်မှ အသံထွက်လာရာသို့ ကိုကိုလှည့်ကြည့်မိတော့ မတွေ့တာကြာသော ရှန်မင်းကို တွေ့လိုက်ရသဖြင့် ဝမ်းသာအားရ ခန္ဓာ ​ကိုယ်ကိုပါရှန်မင်းဘက်သို့ အလုံးစုံလှည့်လိုက်သည်။ သူ့အား မျက်နှာသေဖြင့်ကြည့်နေသော ရှန်မင်းကို ကိုကိုလည်း ဘာမှ မပြောပဲ ဒီတိုင်းပြန်ကြည့်နေလိုက်သည်။ ထိုသို့နေရင်းမှ
ရှန်မင်းက ကင်မရာချိန်ကာ သူ့ကို ရိုက်လိုက်မိသည်။ ရိုက်နေချိန်တွင် ကင်မရာ သို့မကြည့်မိ ရှန်မင်းကိုသာ စိုက်ကြည့်နေခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံရိုက်ပြီးတော့ ရှန်မင်း ကိုကို့နား ကပ်သွားလိုက်သည်။ ကိုကိုကတော့ ရှန်မင်းလုပ်သမျှကို ထိုင်နေရင်း လိုက်ကြည့်နေမိသည်။

'' ရှန်ခက် ဘယ်လိုရောက်လာတာလဲ အလည်လာတာ လား အဖော်ရောမပါဘူးလား ''

ရှန်မင်း အနောက်သို့ အကဲခတ်သလို လိုက်ကြည့်လိုက်သေးသည်။ သို့သော် သည်တောင်ပေါ်တွင် ဒီမနက် သူတို့ ၂ဦးသာ ရှိနေသည်။

'' အင်း အလည်ပဲ ဒါနဲ့ ကိုကိုကရော ဒီမှာ တစ်ယောက်တည်းဘာလုပ်နေတာလဲ အလည် လာတာပဲလား ''

'' အမ် အလည်ပဲဆိုပါတော့ကွာ ဒီမြို့က ဦးလေးတွေဆီ ခနလာတာ ညနေကျ မိုင်းကိုင်ကို ပြန်ရမှာ ''

ကိုကိုပြောရင်း အရှေ့ဘက်ပြန်လှည့်ကာ သူ့စုတ်တံတွေကို ရှေ့မှ ကင်ဘတ်စ်ပေါ် ပြန်တင်ကာ ဆွဲနေသည်။

ဘာတွေဆွဲနေတာလဲ ဟု ရှန်မင်း စူးစမ်းကြည့်တော့ ဟိုးးဘက်မြို့တွေအလွန်က တောင်တန်းတွေပုံဆွဲနေခြင်းဖြစ်သည်။ သုံးနေသော အရောင် များမှာလည်း အဖြူနဲ့ အမည်းများသာဖြစ်သည်။ အဖြူနဲ့အမည်းကိုသာ အမျိူးမျိုး စပ်ထားပြီး မီးခိုရောင် များမှာ တစ်ရောင်နဲ့တစ်ရောင် ကွာခြားစွာ စပ်ထားသည်။

ကြည့်နေချိန်အတွင်းမှာ အဝါရောင်နေလုံးကြီးကို စတင် ဆွဲတော့သည်။ သည်အခါတော့ ရှန်မင်းမနေနိုင်တော့ပဲ ဝင်ပြောသည်။

'' ဒီလောက်လှနဲ့ နေလုံးကြီးကို အမဲရောင်သုံးမလို့လား ကိုကိုရဲ့။ ''

ကိုကိုတစ်ချက် ရှန်မင်းကို မော့ကြည့်လာပြီး အသာအယာပြုံးပြကာ ဆွဲလက်စနေလုံးကို ဆက်ဆွဲနေသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now