Episode - 31

4.5K 301 7
                                    

'' မောင် တကယ် လိမ္မာနေပါပြီ '' ဆိုသော စကားကြောင့် ကိုကိုတစ်ယောက် ပစ်ယုံ လိုက်ချင်စိတ်များ တဖွားဖွားပေါ်လာခဲ့တာ အမှန်ပင်။ သို့သော်.....

'' မဖြစ်သေးဘူးထင်တယ်..မတော်လို့ ပလေးခံရရင် ဒုက္ခကရောက်ဦးမယ် '' ဟူသော အတွေးတွေကလည်း ကိုကို့အား သတိပေးလျက်ရှိနေပြန်။

မသိစိတ်က ယုံကြည်နေသော်လည်း သိစိတ်က မယုံချင်သေးပေ။ ဝေခွဲရခက်စွာခေါင်းကြီးငုံ့ပြီး စဥ်းစားနေရသည်။

သူ့ရှေ့တည့်တည့်ရှိ ချစ်ရေးဆိုထားသူ ရှန်မင်းမှာလည်း ကိုကို့နှုတ် မှထွက်လာမယ့် စကားတို့အား ရင်တထိတ်ထိတ်ဖြင့် စောင့်မျှော်နေသည်။ ကိုကို့ အတွက်ခက်ခဲနေမည်ဆိုတာ ကောင်းကောင်းသိသည်။ ထို့အပြင် သူ့ရှေ့တွင် ကိုယ်လုပ်ခဲ့တာတွေက တော်ရုံမှ မဟုတ်ခဲ့ပဲ။

'' ကိုကို ခက်ခဲနေမယ်ဆိုတာ မောင်သိပါတယ် ဒါပေမယ့်....''

ရှန်မင်း လေးလေးနက်နက်ပြောလာသောအခါ ကိုကို ခေါင်းမော့လာသည်။ ပြီးတော့ နောက်ဆက်ပြောမည့် စကားတွေအား ရှန်မင်းမျက်ဝန်းတွေထဲ တွင်ရှာဖွေနေမိသည်။

'' ဒါပေမယ့် တစ်ခါပဲ... ဒီတစ်ခါပဲ မောင့်ကို ယုံပေး ......နော် ''

ကိုကို့မျက်ဝန်းတွေထဲသေချာကြည့်ကာ တစ်လုံးချင်းဖြည်းညှင်းပီသ စွာ ပြောလေသည်။

ရှမ်းကပြားလေး စောမဟာသွေး၏ ကမ္ဘာကြီး ခေတ္တမျှ ရပ်တန့်သွားသည်။ နှလုံးရပ်မတတ် ဖြစ်သွားပြီးနောက် ပြန်လည်သက်ဝင်လာသော နှလုံးသားတစ်စုံ၏ ရင်ခုန်သံမှာ ရှေ့တည့်တည့်က အမျိူးသား ကြားသွားမှာတောင် စိုးရိမ်ရသည်။

ခြေဖျားလက်ဖျား တို့မှာလည်း မည့်သည့်အမိန့်ကြောင့်များ အလွန်အမင်းအေးစက်လာရသလဲ။

ရင်ခုန်သံတွေကို အားပြုရင်း မျက်စိရှေ့က အချစ်မျက်ဝန်းတွေထဲ ခုန်ဝင်ကြည့်ပြန်တော့လည်း အဖြူရောင် မျက်နှာလေးမှာ ရှက်ရိပ်တွေ ဖြတ်သန်းသွားရပြန်သည်။

သိပ်ကို ပြုစားလွန်းတဲ့မောင်ပါလေ..လူကို ကြောက်စရာကောင်းလောက်အောင် ဖမ်းစားထားနိုင်သည်။ မောင့်ကို ယုံပေး ဆိုသော စကားကိုယုံကြည်ချင်လာအောင် ပြောပြတတ်လွန်းနေတာပဲ...

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now