Intro

29.6K 1.2K 41
                                    

<Unicode>
ခွပ် ခွပ်!

"ပြောစမ်း!အဲ့စိန်ပွင့်ဘယ်မှာလဲ!"

ကြမ်းပြင်ပေါ်တွင်သွေးအလိမ်းလိမ်းနဲ့လက်ပြန်ကြိုးအတုပ်ခံထားရပီးလဲကျနေသူအားအပေါ်ကလူမှထိုးကြိတ်ရင်းမေးနေသည်။အခန်းထောင့်တွင်မိန်းမတစ်ယောက်ကလဲဆေးလိပ့်သောက်ရင်းရပ်ကြည့်နေသည်။

"ဟက်"

"ဘာရယ်စရာပါလို့လဲ!"

"သူများပစ္စည်းကိုမတော်မတရားလိုချင်နေတာရယ်စရာကောင်းမနေဘူးလား ဟင်?"

"ဒီခွေးကောင်!ကဲ့ကွာ!"

ခွပ် ခွပ် ခွပ်

"မင်းပြောမလား!မပြောဘူးလား"

"သွားသေလိုက်!"

"ဟက် ရတယ်လေ ဟျောင့်တေ!ဟိုတစ်ယောက်ကိုခေါ်လာစမ်း!"

"ဟင်!"

အမိန့်ပေးလိုက်သည်နှင့်ဖြူဖျော့နေသည့်ကိုယ်လုံးလေးအားအကြမ်းပတမ်းဆွဲခေါ်လာကြသည်။

"လေပြည်!"

"ကိုကိုလေး အီးဟီး"

ဖြူနုနေတဲ့မျက်နှာလေးနဲ့မလိုက်ဖက်စွာညိုမဲစွဲနေပီးနှခမ်းထောင်မှဒဏ်ရာကနေသွေးတစ်ချို့လဲထွက်နေတာကြောင့်သူ့ရင်ထဲတင်းကြပ်သွားသည်။

"မင်းတို့သူ့ကိုလွှတ်လိုက်စမ်း!"

"လွှတ်စေချင်ရင် ငါလိုချင်တဲ့စိန်ပွင့်ပေးလေ!"

"ကိုကိုလေး မပေးလိုက်ပါနဲ့ လေပြည်ဘာမှမဖြစ်ပါဘူး လေပြည့်ကိုစိတ်မပူပါနဲ့ အ့!!"

ဖြန်းး

အားမရှိတော့လို့ပျော့ခွေနေတဲ့သူလေးအားဆေးလိပ်သောက်နေသည့်မိန်းမကဆံပင်မှဆောင့်ဆွဲပီးပါးကိုရိုက်ချလိုက်တာကြောင့်ကြမ်းပြင်ပေါ်လဲကျသွားတော့သည်။

"လေပြည်!တောက်စ်! ဒေစီကို!မိန်းမယုတ်မ!!"

"အို စွပ်စွဲလိုက်တာရှင်ရယ် ရှင်ပဲဒေစီ့ကိုမှချစ်လှပါချည်ရဲ့ဆို"

"မင်းကိုချစ်ခဲ့မိတဲ့ငါ့ကိုယ်ငါအရမ်းရွံတယ်သိလား!မင်းကမြွေဟောက်မပဲ!"

သူပြောတာကိုဘာမှမဖြစ်ဟန်နဲ့သူ့အားခနဲ့သလိုကြည့်နေတဲ့ထိုမိန်းမကိုသူအရူးမူးစွဲလမ်းခဲ့မိသည်။သူပြောသမျှမျက်စိစုံမှိတ်ကာယုံကြည်ခဲ့သည်။နောက်ဆုံးတော့သူမကသူ့အားအသုံးချခဲ့ခြင်းသက်သက်သာ။

Save Him(Completed)Where stories live. Discover now