Real Life

7.7K 604 1
                                    

<Unicode>
မနက်စာဝိုင်းကာတိတ်ဆိတ်လျက်လေပြည်မှာမျက်နှာကြီးရဲပီးခုထိနေရခက်နေတုန်းပင်။

"ကလေး"

"ဗျ ဗျာ"

"ကိုယ်ကလေးကိုချစ်တယ်လို့"

"ဟုတ်"

"ဘာဟုတ်လဲ ကိုယ်ကလေးကိုချစ်ပါတယ်ဆို ကလေးကလဲချစ်ပါတယ်လို့ပြန်ပြောလေ"

"ဗျာ?"

"ကိုယ့်ကိုချစ်လားဟင်"

"ဗျာ!"

"ဗျာကိုခနထား ကိုယ့်ကိုချစ်လားလို့"

"ဟို ဟိုလေ အဲ့တာက"

"ကလေး ကိုယ့်ကိုချစ်လား မချစ်ဘူးလား ဒါပဲဖြေ"

"ချစ် ချစ်ပါတယ်"

"ဒါဆိုကိုယ်တို့ချစ်သူဖြစ်သွားပီနော်"

"ဗျာ!"

"အား ကိုယ့်ကိုအသည်းယားအောင်လုပ်နေတယ်ကွာ"

"ကိုကိုလေး"

"ဟင် ကလေးပြောလေ"

"လေ လေပြည်ကိုကိုလေးနဲ့ချစ်သူမလုပ်ချင်ဘူး"

"ဘာ!?"

"လေပြည်ကိုကိုလေးကိုမချစ်.."

"တိတ်စမ်း!"

စားပွဲအားထုချလိုက်ပီးချက်ချင်းခက်ထန်သွားတဲ့တိမ်တိုက်ကြောင့်လေပြည်ကြောက်လန့်သွားသည်။

"မင်းငါ့ကိုပဲချစ်ရမယ် ငါ့နားမှာပဲနေရမယ်!"

"ဟင့်အင်း"

"လေပြည်ဦး!!!"

"အူးဝါးး"

တိမ်တိုက်ဟာဘယ်တုန်းကမှသူ့ကိုနာမည်အပြည့်စုံခေါ်ပီးမအော်ခဲ့ဖူးပါ။အခုတိမ်တိုက်ကအံကိုတင်းတင်းကြိတ်လို့စိတ်မလွတ်သွားအောင်ထိန်းထားသည့်နှယ် မျက်လုံးဟာရဲရဲတောက်နေသည်။သို့ပေမယ့်သူလေးရဲ့မျက်ရည်တေကိုမြင်တော့...

"ကလေး ဘာလို့ကိုယ်နဲ့မနေချင်တာလဲဟင် ကိုယ်ဘာမှားလို့လဲ ကိုယ့်ကိုပြောလေ ကလေးစိတ်တိုင်းကကိုယ်ပြင်ပေးမယ်လေနော် ကလေးနော်"

ချက်ချင်းလေသံပျော့သွားကာမျက်ဝန်းတေဟာလဲစိုစွတ်လာတော့သည်။အပြောင်းလဲမြန်လွန်းတဲ့သူ့ကိုလေပြည်ကြောင်အစွာကြည့်နေမိတော်သည်။

Save Him(Completed)Where stories live. Discover now