Real Life

6.7K 497 1
                                    

<Unicode>
"ကိုကိုလေး! ကိုကိုလေး! ကလေးလှလားဟင်?"

"ဖူးး!!"

ကော်ဖီသောက်နေတဲ့တိမ်တိုက်မှာသူ့ရှေ့ရောက်လာတဲ့နတ်သားလေးကြောင့်ကော်ဖီတောင်သီးသွားသည်။ဗိုက်ဖုံးအကျင်္ီအပြာရောင်လေးနဲ့သူလေးရဲ့ဗိုက်က၈လကျော်နေပီမို့သိသိသာသာလေးစူနေသည်။ကိုယ်ဝန်စရှိကတည်းကဆံပင်မညှပ်တော့တာကြောင့်ပုခုံးထိရှည်နေတဲ့ဆံပင်များကိုမနက်ကလေးတင်မှကိုယ်တိုင်ကျစ်စမြီးလေးနှစ်ဖက်ခွဲကျစ်ပေးထားသည်။

"လှလားလို့ ကိုကိုလေးရဲ့"

ဘယ်နေရာကြည့်ကြည့်လှရက်လွန်းနေတဲ့ဗိုက်ကြီးသည်လေးကိုသူသိပ်အသည်းယားနေမိသာ်။

"ဘယ်လိုတောင်လှရက်လွန်းနေတာလဲကွာ ကိုယ်စိတ်မချရအောင်လို့"

"ခ်ခ် ကိုကိုကတော့ပိုပီ"

သဘောတကျပြုံးရယ်နေတဲ့ကလေးငယ်ကိုပေါင်ပေါ်ထိုင်ခိုင်းလို့မနက်စာကိုခွံ့ကျွေးနေသည်။

"bossရေ!လေပြည် ကျနော်လာတယ်ဗျ!"

"ဟော ကိုဝေယံလာပီထင်တယ် ကလေးမှာထားတဲ့အကျီတေလာပို့တာနေမယ်"

"ကလေး စားလို့မပီး.."

လှစ်ခနဲပြေးထွက်သွားတဲ့ဗိုက်ကလေးကိုလှမ်းတောင်မဆွဲလိုက်မိ။ဝေယံလာပို့သည်က ဗိုက်ဖုံးအကျင်္ီများသာဖြစ်လိမ့်မည်။အစက သူလဲဗိုက်ဖုံးအကျင်္ီများဝယ်ပေးမလို့ပါပဲ ဒါပေမယ့်သူလေးကယောက်ျားလေးဖြစ်တာကြောင့်အဲ့လိုဝတ်ရမှာကိုရှက်မယ်ထင်ခဲ့တာကြောင့် ခပ်ပွပွအကျင်္ီများကိုသာ ဝယ်ပေးခဲ့သည်။သို့ပေမယ့်သူထင်ထားသလိုမဟုတ်ပဲ သူလေးကဗိုက်ဖုံးအကျင်္ီလေးတေကိုကိုယ်တိုင်ဝယ်ပီးတစ်နေ့တစ်ရောင်ဝတ်ပြလေသည်။သူ့မှာတစ်နေ့တစ်နေ ဒီကလေးငယ်ကြောင့်အသဲတေတစ်ဖြုတ်ဖြုတ်ကြွေကြနေရသည်။အရင်ကဆံပင်တိုတို လူကောင်သေသေးလေးကလဲချစ်ဖို့ကောင်းသလို အခုလိုကျစ်ဆံမြီးလေးနဲ့ဗိုက်ဖောင်းဖောင်းကလဲတစ်မျိုးတစ်ဖုံလှနေပြန်ရော။

သူကသာမျိူးစုံကြိုးခုန်ပီးကြံဖန်စိတ်ပူနေတာ။သူလေးကိုဆံပင်စည်းပေးဖို့လုပ်တုန်းကလဲမိန်းမဆန်သွားကာ သူလေးစိတ်အနှောက်ယှက်ဖြစ်မှာပူခဲ့ရပြန်သည်။ယောက်ျားလေးတန်မဲ့သူ့ရင်သွေးကိုလွယ်ပေးထားတာနဲ့တင်တော်လှပီ။သူ့ရဲ့အပြုမူတေက ကလေးငယ်ကိုမိန်းကလေးတစ်ယောက်လိုဆက်ဆံသလိုဖြစ်နေမှာသူအရမ်းစိတ်ပူပီးအမြဲသတိထားနေရတာ။ဒါပေမယ့်ကလေးငယ်ကတော့မဟုတ်ပဲ ဗိုက်ဖုံးအကျင်္ီဝတ်ဖို့လဲမရှက်သလို ကျစ်စမြီးကျစ်ဖို့လဲမရှက်ပါ။သူလေးကပြောဖူးတယ်...

Save Him(Completed)Where stories live. Discover now