ရှားချွမ်(Arc -6.1)

7.5K 647 4
                                    

<Unicode>
မနက်၌....

"သားငယ် ရှားချွမ်ရောမထသေးဘူးလား"

မနက်စာပြင်နေတဲ့ချင်းရန်တို့သားအမိအားရွှယ့်ချွမ်ကဝင်လာရင်းမေးလေသည်။

"ဟုတ်မထသေးပါဘူး"

"ဒီအကောင်ဘယ်အချိန်ရှိနေပီလဲ နေအုံးငါသွားနှိုးမယ်!"

"မ မနှိုးပါနဲ့ပါး ကိုကိုလေးက ညကသားဒဏ်ရာတေကိုရေခဲကပ်ပေးရင်းတော်တော်နောက်ကျမှအိပ်သွားတာပါ"

"သူက?သားငယ် ပါးကိုအမှန်တိုင်းပြောစမ်း!သူသားငယ်ကိုခြိမ်းခြောက်ထားတာမလား"

"မဟုတ်တာ ကိုကိုလေးကအဲ့လိုမလုပ်ထားပါဘူး"

"ကိုကိုလေး?"

"ဟို အကိုရှားချွမ်ကအဲ့လိုခေါ်ဆိုလို့ပါ"

"ရှားချွမ် အဲ့ကောင်တကယ်ပဲပြောင်းလဲသွားတာလား"

ထိုအခါကော်ဖီခွက်ချပေးနေတဲ့စွေ့ဟုန်က.

"အကို ရှားချွမ်ကပြောင်းလဲမယ်လို့ကတိပေးထားတယ်လေ သူ့ကိုယုံကြည်ပေးလိုက်ပါ ခုလိုသံသယတေထားတာရှားချွမ်သာသိသွားရင်သူစိတ်မကောင်းဖြစ်သွားလိမ့်မယ်"

ရှားချွမ်ဟာ ထမင်းစားခန်းရှေ့တွင်ရောက်နှင့်နေပီးဖြစ်ပီးတော့သူတို့စကားတေအားလုံးကိုကြားပီးပီ။စွေ့ဟုန်ကတကယ်သဘောထားကြီးတဲ့အမျိုးသမီးဖြစ်ပီးချင်းရန်ကတော့အမေတူသားပဲပေါ့။မဟုတ်ဘူး အမေထက်တောင်ပိုတုံးအပီးအနိုင်ကျင့်သမျှကိုမေ့ပျောက်လွယ်တယ်။

••••••

ထမင်းစားဝိုင်းက ယခင်ကနဲ့မတူပဲတော်တော်ကြီးကွဲလွဲနေပီးချင်းရန်မှာမျက်နှာပင်ပူလှပီ။အကြောင်းမှာရှားချွမ်က သူ့ကိုခွံ့မကျွေးရုံတမယ်ရှိရှိသမျှမုန့်တေကိုအတင်းစားခိုင်းနေသည်။နွားနို့ကိုလဲမပူအောင်ဆိုပီးဇွန်းနဲ့ခပ်တိုက်လို့တိုက်နဲ့။ရှားချွမ်ကိုယ်တိုင်တော့ခုထိဘာမှမစားရသေး။

"ကိုကိုလေး ကျနော်ကိုယ့်ဘာသာပဲစားလို့ရပါတယ်"

"မရဘူး"

"ဟေ့ကောင်ရှားချွမ်!"

"မသိဘူး မရှိဘူး ဒယ်ဒီ မနက်စာစားရင်းစကားပြောရင်အသက်ရှူလမ်းကြောင်းအတွက်မကောင်းဘူး အထူးသဖြင့်ဒယ်ဒီ့လိုအသက်ကြီးတဲ့သူတေ အဲ့တော့စားရင်းစိတ်ထဲကနေတရားပဲမှတ်နေပါဗျာ"

Save Him(Completed)Where stories live. Discover now