Real Life

7.3K 592 22
                                    

<Unicode>
"ရှုးး ရှူးး ကိုယ်ရှိပါတယ်ကလေးရယ် မကြောက်နဲ့တော့နော်"

"ဟင့် စုန်းမကြီးကနောက်ကလိုက်လာတာ အီးဟီး ကြောက်စရာကြီး"

"မပြောနဲ့တော့လေကလေးရဲ့ တော်ပီနော် ဆက်မကြည့်နဲ့တော့သွားအိပ်ကြမယ်"

"ဟင့် ကိုကိုလေး"

"ဗျာကလေးရဲ့"

"ကလေးဒူးတေတုန်နေတယ် လမ်းမလျှောက်နိုင်တော့ဘူး"

"ကိုယ်ချီမှာပေါ့ဗျာ"

ဒူးကောက်ကွေးလေးကနေပွေ့ချီလို့အိပ်ခန်းဆီသို့သွားကာမွေ့ယာပေါ်ဖြည်းဖြည်းလေးချပေးလိုက်သည်။ထိုအချိန်..

ဒုန်းး!!!!!

"အား!!ကိုကိုလေး!!"

ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးနဲ့အတူတအိမ်လုံးမှောင်မဲကျသွားတာကြောင့်သူလေးကနောက်တဖန်သူ့ကိုယ်ပေါ်အတင်းကုပ်တက်လာပြန်လာကြောင့် ပြုတ်မကျအောင်ထိန်းပေးရပြန်တယ်။

"ဘာသံကြီးလဲ ဘာဖြစ်တာလဲဟင်"

"ကိုယ်လဲမသိဘူး မကြောက်နဲ့နော်ကိုယ်ရှိတယ်"

ဖုန်းမီးလေးဖွင့်လို့ကုတင်ဘေးကစားပွဲပေါ်တင်ထားလိုက်သည်။

ring ring..

ထိုအချိန်ဖုန်းမြည်လာတာကြောင့်ကိုင်လိုက်တော့...

"bossအဲ့ဘက်မှာအဆင်ပြေရဲ့လားဗျ"

"အေး ခုနကဘာဖြစ်တာလဲ"

"ကားမတော်တဆမှုတဲ့ bossတို့ရဲ့တစ်လမ်းကျော်လောက်လေးမှာပဲ ဓာတ်တိုင်ကိုကားကဝင်တိုက်မိတာလို့ကြားတယ် မိုးကလဲရွာနေတာဆိုတော့ပြန်ပြင်ကြမယ်မထင်ဘူး
တစ်ညလုံးမီးပျက်လောက်မှာ bossတို့အဆင်မပြေရင်ကျနော်အိမ်မှာလာနေကြမလား ကျနော်လာကြိုပေးမယ်လေ"

"နေ နေ အဆင်ပြေတယ်"

"ဟုတ်ကဲ့ ဒါဆိုကျနော်ဖုန်းချလိုက်တော့မယ်နော် တစ်ခုခုလိုရင်ကျနော့်ကိုဖုန်းဆက်လိုက်ပါ"

"ကျေးဇူးပဲ"

တီ...

"ကိုကိုလေးဘာဖြစ်လို့လဲဟင်?"

"ဓာတ်တိုင်လဲသွားတာ ဒီညတော့တစ်ညလုံးမီးလာမဲ့ပုံမရဘူး"

"အီးး မှောင်မဲနေတာကြီးကို ဟင့် ဟိုစုန်းမကြီးရောက်လာရင်ဘယ်လိုလုပ်မလဲ အဟင့် ကိုကိုလေး"

Save Him(Completed)Where stories live. Discover now