System Space

9.1K 699 8
                                    

<Unicode>
(ပြန်လည်ကြိုဆိုပါတယ် host ရမှတ်တေအတွက်ဇယားကိုကြည့်ပါ)

% -30

တတ်မြောက်မှုပညာ -အုပ်ချုပ်ရေးစွမ်းရည်

(နောက်ကမ္ဘာအတွက်သင်ရမှာက အိမ်မှုထိန်းသိမ်းရေးပါ ရှေ့တံခါးကနေဝင်သွားပါ)

3နှစ်ခန့်ကြာသော်...

(ပြန်လာပီလား host နောက်ကမ္ဘာသွားတော့မလား)

(သွားမယ်)

စတင်ပို့ဆောင်နေပါပီ 3.2.1

"ဒါဆို အန်တီတို့စိတ်ချမယ်နော်သား မွန်းလေးအတွက်တော့စိတ်မပူပါနဲ့ မွန်းလေးကအရမ်းကိုလိမ္မာတဲ့ကလေးလေးပါ သူကသားရဲ့စကားကိုနားထောင်မှာပါ နော်ယောက်ျား"

"ဒါပေါ့ ဒီကသားကသာ မွန်းလေးကိုဂရုစိုက်ပေးဖို့ထပ်မှာချင်တယ် မွန်းလေးကနည်းနည်းချူချာတယ် ဟင်းး မဖြစ်မနေမို့သာသွားရမှာ မွန်းလေးနဲ့မခွဲချင်ဘူး ခေါ်သွားဖို့ကြပြန်တော့လဲအဆင်မပြေဘူး ဟူးး"

ရှေ့ကလင်မယားနှစ်ယောက်ကသူတို့ဘာသာပြောပီးဝမ်းနည်းသွားဟန်ပင်။မိန်းမကြီးဆိုမျက်ရည်တောင်ဝဲတက်နေပီ။

"ဟို ဦးလေးတို့စိတ်ချပါ ကျနော်အကောင်းဆုံးကြိုးစားမှာပါ"

"အေးကွယ် ဒါဆိုအန်တီတို့စိတ်ချမယ်နော် ခရီးကအသွားပြန်နဲ့ပါဆိုအနည်းဆုံးတစ်လလောက်တော့ကြာမယ် ဝန်ဆောင်ခကိုသားရဲ့ဘဏ်အကောင့်ထဲလှမ်းထည့်ပေးမယ် ပီးတော့ ရော့ ဒီမှာမွန်းလေးအတွက်အချိန်ဇယားတေ"

"ဟုတ်ကဲ့ဗျ"

ထိုမိန်းမကြီးကမ်းပေးတဲ့စာရွက်ကိုတရိုတသေယူလိုက်သည်။

"ကဲ မိန်းမသွားကြမယ် သားကိုနှုတ်ဆက်လိုက်အုံး"

"အင်း သားလေး မွန်းရေ သားလေး"

မိန်းမကြီးကအခန်းတံခါးကိုခေါက်ကာခေါ်နေသည်။

"အိပ်နေတာလားမသိဘူး"

"အိပ်နေလဲနှိုးလိုက်လေ တော်ကြာတို့တေနှုတ်မဆက်ပဲသွားတယ်ဆိုပီးဝမ်းနည်းသွားအုံးမယ်"

"အင်း ကျမသွားနှိုးလိုက်မယ်"

မိန်းမကြီးကအခန်းထဲဝင်သွားတော့မှ..

Save Him(Completed)Where stories live. Discover now