လီမင်(Arc -4.4)

7.5K 653 2
                                    

<Unicode>
"သူသဘောတူတာမတူတာကဘာဆိုင်လို့လဲ ယောင်းလေးကအကြီးလေ အဲ့လိုခွင့်ပြုချက်မျိုးလိုလို့လား"

"ဟို ယောင်း ယောင်းကအကြီးဆိုပေမယ့် သူကအိမ်အတွက်ပိုင်ဆံရှာပေးတဲ့သူလေ ယောင်းလဲသူ့လုပ်စာပဲ စားရတာ အဲ့တာကြောင့်.."

"အဲ့တော့ သူကသဘောမတူရင်ရော"

"ဗျာ?"

"သူသဘောမတူရင် ယောင်းကကိုယ့်ကိုလက်မထပ်ဘူးပေါ့"

"အဲ့တာက..."

ထိုအခုမှလက်လေးတေကိုလိမ်ယှက်ကာကစားရင်းတွေးတောနေပြန်သည်။

"ယောင်းလေး"

"ဗျာ"

"ကိုယ်မင်းကိုချစ်တယ် စတွေ့ထဲကချစ်မိသွားတာ ဘာလို့များအဲ့လောက်တောင်ခက်ခဲနေရတာလဲဟင် ဘာလဲ ယောင်းလေးမှာချစ်ရမယ့်သူရှိနေလို့လား"

"မရှိပါဘူး"

"ဒါဆိုကိုယ့်ကိုချစ်ပေးပါလားဟင်"

"....."

"ယောင်းလေး"

"ဟင်"

"ကိုယ့်ကိုချစ်ပေးမှာလားဟင်"

ဆုပ်ချေနေတဲ့လက်လေးနှစ်ဖက်ကိုတယုတယကိုင်ကာမျှော်လင့်တကြီးမေးနေတဲ့လီမင်ကြောင့် ယောင်လေးရင်ဘတ်ကအဆမတန်ခုန်ပေါက်နေတော့တယ်။

"ချစ်လား?"

"ဟုတ်"

"ကိုယ့်ကိုချစ်လား"

"ဟုတ်"

"ကိုယ်ကိုချစ်လား"

"ချစ်တယ်"

ထို့နောက်ထိကပ်လာတဲ့လီမင်ရဲ့နှုတ်ခမ်းတစ်စုံအားရုန်းကန်ခြင်းမပြုပဲ လက်သီးလေးဆုပ်လို့သာအလိုက်သင့်စီးမျှောလိုက်တော့တယ်။

>>>>>>>>

"ကြောက်နေလား"

ချွေးစေးလေးတေထွက်ကာလက်နှစ်ဖက်ကိုပွတ်တိုက်နေတဲ့ကလေးငယ်ကြောင့်လီမင်မေးလိုက်ခြင်းသာ...

"ဟုတ်"

"ကိုယ်ရှိတယ်နော် မကြောက်နဲ့တော့"

ထို့နောက်တုန်ရီနေတဲ့လက်လေးကိုကိုင်ကာဘဲလ်အားတီးလိုက်သည်။

Save Him(Completed)Where stories live. Discover now