ဘင်း(Arc -7.10)(end)

6.9K 606 20
                                    

<Unicode>
"တကယ်တော့ ဒေါ်ဒင်ရန်တို့ိသားစုကကျနော့်ကိုတကယ်ဂရုစိုက်ပီးချစ်ပေးခဲ့တာမဟုတ်ပါဘူး သူတို့ကကျနော့်ကိုကျွန်သာသာဆက်ဆံခဲ့တာ အများရှေ့မှာချစ်ပြပီးကွယ်ရာမှာသေမတတ်နှိပ်ဆက်တယ် သူတို့ရဲ့အပြုမူတိုင်းကဟန်ဆောင်မှုတေကြီးပဲ အဲ့ဒီ့ဆင်းရဲတွင်းထဲကနေဒီကကျနော့်ချစ်သူကကျနော့်ကိုကယ်တင်ပေးခဲ့တာ ကျနော်တို့ကခိုးပြေးခဲ့တာမဟုတ်ဘူး သူတို့ဆီကထွက်ပြေးခဲ့တာ"

"သားလုံ ဘာတေလျှောက်ပြောနေတာလဲ ဒီကလေးကတော့လေ အ ဟင်း ဟင်း"

"ကျနော်လျှောက်ပြောမပြောတီလေးအသိဆုံးပါ ကျနော်၁၀နှစ်တိတိ တီလေးဆီမှာကျွန်ခံခဲ့ရတာ တီလေးယောက်ျားရဲ့ထိကပါးရိကပါးလုပ်သမျှကိုငြိမ်ခံခဲ့ရတာ မမလေးဒေါင်းရဲ့အလိုမကျတိုင်းရိုက်နှက်တာတေကိုခံခဲ့ရတာ အဲ့တာတေကလျှောက်ပြောနေတာမဟုတ်ကြောင်း ကျနော့်ကိုယ်ပေါ်ကအမာရွတ်တေကသက်သေပဲ အင့်"

ပြောရင်းနဲ့ငိုတော့မယ့်ကလေးငယ်ကြောင့်ဘင်းနောက်ကနေသိုင်းဖက်ကာအားဖြစ်စေသည်။သူဝင်ပြောလို့ရတယ် ဒါပေမယ့်ကလေးငယ်ကိုသတ္တိရှိစေချင်တာ အမှန်တရားကိုကလေးငယ်ကိုပဲဖော်ထုတ်စေချင်တာ သူ့ကလေးငယ်ကဘယ်လောက်သတ္တိရှိကြောင်းတလောကလုံးကိုသိစေချင်တာ ဟိုမိန်းမပျက်တေကိုသိစေချင်တာ။

"ရှေ့နေကြီးလာတဲ့နေ့တေဆိုအဝတ်စားကောင်းတေဝတ်ခိုင်းပီးဟန်ဆောင်ခိုင်းတယ် ရှေ့နေကြီးပြန်သွားနဲ့ကျွန်လိုပြန်နေရပြန်ရော အဲ့လိုဘဝမျိုးနဲ့၁၀နှစ်တိတိနေခဲ့ရတာ"

"လျှောက်ပြောမနေနဲ့အိုက်လုံ!နင်နဲ့အကိုဘင်းကိုမာမီကသဘောမတူလို့နင်တို့ကခိုးပြေးသွားတာလေ အဲ့တာကိုမကျေမနပ်ဖြစ်ပီးငါတို့မိသားစုကိုဒုက္ခရောက်အောင်လျှောက်ပြောနေတာ သူပြောတာကိုမယုံကြပါနဲ့"

"သားလုံပြောတာအမှန်တေကြီးပဲ!!!"

အဒေါ်ကြီးဟာ လူအုပ်ကြားထဲတိုးဟွေ့ကာလုံအားပွေ့ဖက်တော့သည်။

"ဒေါ်ကြီး"

"သားလေ သားလုံလေး ဒေါ်ကြီးကိုထားခဲ့ပီထင်နေတာ"

Save Him(Completed)Where stories live. Discover now