မုဟန်(Arc -2.8)(end)

9.6K 755 5
                                    

<Unicode>
"ဟက်ချိုး! ဟက်ချိုး!"

ဘေးကကောင်လေးကရုတ်တရက်နှာတေချေလာတာမို့စိတ်ပူသွားရသည်။

"ရရဲ့လား စုန့်စုန့် နေမကောင်းဘူးလား"

"ကောင်းပါတယ်ကိုကိုလေး ဟိုကောက်ရိုးခြောက်နံ့ရလို့ ကျနော်ကကောက်ရိုးခြောက်နံ့နဲ့ဓာတ်မတည့်ဘူး"

"ကောက်ရိုးခြောက်?"

မုဟန်အရုပ်ကိုနမ်းကြည့်လိုက်တော့ကောက်ရိုးခြောက်နံ့ကအရုပ်ဆီမှဖြစ်သည်။

*အဟက် သေချာလဲမကစားတတ်ကြဘူးပဲ အနိုင်ပိုင်းရမှာပျင်းစရာကောင်းလွန်းတယ်*

"ငါကိုယ်တော်မိန့်မယ်! အမတ်ကြီး၊မိဖုရားလင်ယိနဲ့ဒီအစေခံသုံးယောက်လုံးစာတချို့ကိုရေး စုန့်စုန့်ရောပဲ ပီးရင်အဲ့စာရွက်ကိုငါ့ထံသို့ပေး!"

မုဟန်ရဲ့အမိန့်အတိုင်း အစေခံများကအမတ်ကြီးတို့အား မှင်တံနဲ့စာရွက်ကိုပေးကာစာတစ်ချို့ရေးစေသည်။ထို့နောက်ကိုယ့်စာရွက်မှာကိုယ့်နာမည်ရေးကာဘုရင့်ထံဆက်သလေသည်။

"ငါကိုယ်တော်အခုပဲအားလုံးရှေ့ဖော်ထုတ်မယ် ဟောဒီအရုပ်ပေါ်မှာစာရေးထားတာတွေ့လား ဒီလက်ရေးကဒီအရုပ်ကိုဖန်တီးခဲ့သူကိုဖော်ထုတ်ပေးလိမ့်မယ် ကျန်အမတ်များစစ်ကြည့်ပါ"

အမတ်ကြီးတို့သုံးယောက်မှာမျက်နှာကအပျက်ပျက်အယွင်းယွင်းဖြစ်ကုန်သည်။

'ဟာ!ဒါ ဒါအမတ်ကြီးရဲ့လက်ရေးပဲ'

'ဟုတ်တယ် အမတ်ကြီးလက်ရေးပဲ ငါတို့မမှတ်မိစရာအကြောင်းမရှိဘူး အမြဲတမ်းသူတင်ပြနေတဲ့ပေလိပ်တေဖတ်နေကြပဲကို ဒါသူ့လက်ရေးအစစ်ပဲ'

"ပထမအချက်လက်ရေးကစုန့်စုန့်နဲ့မတူဘူး စုန့်စုန့်ကစာလုံးတေကိုတောင်သေချာမရေးတတ်သေးဘူး"

ထိုသို့ပြောမိတော့မုဟန်စိတ်မကောင်းဖြစ်သွားသည်။စုန့်ရီကစာမတတ်ပေ အရင်ဘုရင်လက်ထဲသိတတ်စအရွယ်ထဲကအနိုင်ကျင့်နှိပ်စက်ခံပီးနေလာရတဲ့သူလေးက စာအုပ်ဆိုရင်လေးထောင့်အရာဟုသာသိထားလေသည်။အခုရေးဖို့တောင်သူသင်ပြလိုက်ရတာဖြစ်သည်။

Save Him(Completed)Where stories live. Discover now