မုဟန်(Arc -2.3)

9.5K 779 5
                                    

<Unicode>
'မင်းကြီး ကြွချီလာပါပီ'

"ဟင်!"

*ဒုက္ခပဲ မိဖုရားကအရှင့်ကိုတိုင်လိုက်ပီထင်တယ်*

"စုန့်စုန့်!"

မုဟန် အခန်းထဲဝင်လိုက်တာနဲ့လက်ကိုကိုင်ကာငိုနေတဲ့စုန့်ရီကြောင့် အနားကိုပြေးသွားလိုက်တော့....

"အရှင်!စုန့်စုန့်တကယ်မရည်ရွယ်ခဲ့ပါဘူး စုန့်စုန့်အလျင်လိုနေတာကြောင့် မိဖုရားကိုမတွေ့ပဲနှုတ်မဆက်မိလိုက်တာပါ မိဖုရားကိုစော်ကားဖို့စုန့်စုန့်တွေးတောင်မတွေးကြည့်ဖူးပါဘူး အရှင်"

"စုန့်စုန့် ကလေးလေး ဘာတေပြောနေတာလဲ ကိုယ်က.."

ဒူးထောက်ကာ သူ့ကိုအသည်းသန်တောင်းပန်နေတဲ့စုန့်ရီအားထူပေးရန် လက်လှမ်းလိုက်တော့ သူလေးကအလန့်တကြားလက်ကိုကာ,ကာမျက်လုံးကိုမှိတ်ချပြန်တယ်။

*ဘာတေဖြစ်နေတာလဲကလေးရယ်*

"စုန့်စုန့်!လက်ကဘာဖြစ်တာလဲ!"

"ဟင်"

မုဟန် လက်ကိုဆွဲယူလိုက်တော့နာသွားဟန် မျက်နှာလေးမဲ့သွားသည်။လက်ဖျံတစ်လျှောက်လုံးညိုမဲကာ ရောင်ကိုင်းနေသည်။

"လက်ကဘာဖြစ်တာလဲလို့!"

"အင့် အ အရှင်"

"မနက်ကအထိအကောင်းကြီးပါ ကိုယ်မရှိတဲ့ခနလေးအတွင်းဒီလောက်တောင်ဖြစ်သွားရလား!"

"ဟင့်"

"ပြော ဒါဘယ်သူလုပ်တာလဲ!"

"ဟို ဟိုလေ စုန့်စုန့်ဘာသာလက်ညပ်မိ..."

"မလိမ်နဲ့ စုန့်စုန့် ဒါကလက်ညပ်မိထားတဲ့ပုံမဟုတ်ဘူး!စုန့်စုန့်ပြောမလား ကိုယ်ဒီနန်းတွင်းကအစေခံတေကိုရိုက်သတ်ရမလား!!"

"မ မလုပ်ပါနဲ့ စုန့်စုန့်ပြောပါ့မယ် ဟို မိ မိဖုရားကအပြစ်ပေးထားတာပါ"

"အပြစ်ပေးတယ်?"

"မနက်က စုန့်စုန့်အဆောင်ကိုပြန်လာတော့ မိဖုရားကိုမနှုတ်ဆက်လိုက်မိဘူး အဲ့တာကြောင့်စုန့်စုန့်ရဲ့ရိုင်းပြတဲ့အပြုမူအတွက် မိဖုရားကအပြစ်ပေးလိုက်တာပါ"

Save Him(Completed)Where stories live. Discover now