ကားဗတ် (Arc -3.7)(end)

8.2K 695 7
                                    

<Unicode>
"ကလေးရေ ကြာနေပီနော် ကလေး ပူတူးရေ!"

"ပီးပီလို့ တကယ်ပါပဲ"

"ပြောတော့ငါးမိနစ်ဆို ကြည့်အခုတစ်မိနစ်စွန်းတယ်"

"ကိုကိုလေးရယ် သေးပေါက်တာအချိန်သတ်မှတ်လို့မှမရတာ"

"မသိဘူး နောက်တစ်ခါကိုယ့်ရှေ့မှာပေါက်ရမယ် အဲ့အချိန်နှစ်မိနစ်အတွင်အများကြီးဖြစ်သွားနိုင်တာသိရဲ့လား"

ပြိုင်ပြောလဲမနိုင်မှန်းသိတာကြောင့်သူ့စိတ်အလိုကျခေါင်းငြိမ့်ပေးလိုက်ရသည်။

"ဒီနေ့ ကိုယ်တို့အခန်းသစ်ဆက်သင်ကြမယ်"

"ဟုတ်"

ကားဗတ် မွန်းလေးကိုသူကိုယ်တိုင်စာသင်ပေးနေခြင်းပါ။လူတဝက် ဝိဉာဉ်တစ်ဝက်ဖြစ်နေတော့ ကျောင်းလဲပို့မရတာကြောင့် မွန်းလေးမိဘတေဆီခွင့်တောင်းပီးသူကိုယ်တိုင်စာသင်ပေးနေတာ။မွန်းလေးမိဘတေကပီးခဲ့တဲ့အပတ်ကပဲပြန်ရောက်တယ်။သူတို့ပြန်မရောက်ခင် ဟိုစာအုပ်ကိုနေရာတကျပြန်ထားလိုက်တယ် ခြေရာလက်ရာမပျက်အောင်ပါသေချာပြန်လုပ်လိုက်ရတယ် မဟုတ်ရင်ရှုပ်လာမှာဆိုးလို့။

မွန်းလေးမိဘတေကမွန်းလေးကိုသူ့လက်ထဲစိတ်ချလက်ချထည့်ထားပေးပီး ဘုရားကျောင်းနေ့တိုင်းတက်ကြတယ်။အသက်ကြီးပီဆိုတော့ဘုရားတရားလုပ်ချိန်လေးကိုပိုအလေးပေးလာပီး အိမ်မှာသိပ်မရှိဖြစ်တော့။ဒါကလဲကောင်းတယ်လေ အကောင်းထဲကအကောင်းလို့ပဲပြောရမှာပေါ့။

"ဒါကိုနှုတ်လိုက်ရင်အဖြေထွက်ပီ ဒါဆို..."

ကားဗတ် ဆက်ရှင်းပြမဲ့စကားက စားပွဲပေါ်ခေါင်းလေးစောင်းတင်ကာအိပ်ပျော်နေပီဖြစ်တဲ့ကောင်လေးကြောင့် ရပ်လိုက်ပီးစာအုပ်ကိုသာပိတ်လိုက်ရသည်။ပါးတစ်ဖက်ကိုဖိကာအိပ်ပျော်နေတာကြောင့် ထိုအဖိခံထားရတဲ့ပါးလေးကမို့တက်နေသည်။နှုတ်ခမ်းလေးကလဲ ခပ်ဟဟလေးဖြစ်နေပီး သွားရည်လေးတေပါကျလို့။

"ချစ်စရာလေးကွာ"

ချစ်ရသူမျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ရတာလောက် စိတ်ချမ်းသာတာမရှိဘူးတဲ့။ထိုစကားကိုကားဗတ် အပြည့်ဝလက်ခံတယ် ကျင့်လဲကျင့်သုံးတယ် ဒီအကောင်ပေါက်လေးက ၃နှစ်သားလေးလိုပဲ ထမင်းစားရင်းလဲအိပ်ပျော်သွားသလို စာသင်ရင်းလဲအိပ်ပျော်တယ် နောက်ဆုံးကစားရင်းနဲ့တောင်အိပ်ပျော်သွားတတ်တယ်။အဲ့အချိန်တေဆို အိပ်နေတဲ့သူလေးကိုအမြတ်တနိုး တစိမ့်စိမ့်ကြည့်ရတဲ့အလုပ်တစ်ခုပါတိုးလာရော။

Save Him(Completed)Where stories live. Discover now