ရှားချွမ်(Arc -6.3)

7.3K 639 22
                                    

<Unicode>
"ကလေး ရေခဲမုန့်စားမလား"

"ဟင့်အင်း"

တစ်လမ်းလုံးတိတ်ဆိတ်နေတဲ့ကောင်လေးကသူ့အားမကြည့်ပဲကားပြတင်းပေါက်ကိုသာမျက်နှာမူထားသည်။

"ကလေး"

"ဗျာ"

"ကိုယ့်ကိုကြည့်ပါအုံး"

လှည့်ကြည့်တာတဲ့သူလေးမျက်ဝန်းတေကဝမ်းနည်းနေဟန်။ရှားချွမ်ကားကိုချက်ချင်းရပ်လိုက်ကာသူလေးဘက်လှည့်ကာမျက်နှာချင်းဆိုင်အကြည့်ချင်းဆုံးစေပီး..

"ကလေး ကလေးစိတ်ထဲမှာဘာဖြစ်နေတာလဲဆိုတာကိုယ့်ကိုပြောချလိုက်"

"ဘာမှမဖြစ်ပါဘူး ကိုကိုလေး"

"လိမ်တယ်"

"ကျနော်..."

"ကလေးဝမ်နည်းနေတာမလား ဟိုမိန်းမစကားကြောင့်"

"မဟုတ်.."

"ကိုယ်နဲ့သူကဘာမှမဟုတ်ဘူး ငယ်ငယ်ကမိဘချင်းရင်းနီးလို့ကိုယ်နဲ့သိရုံလောက်ပဲ အဲ့ဒါထက်မပိုဘူး ကလေးဝမ်းနည်းစရာမလိုဘူး ကိုယ်ကကလေးတစ်ယောက်ထဲအတွက်ပဲ"

"ကိုကိုလေး"

"ဗျာ"

"ကိုကိုလေးကသူ့ကိုတကယ်လက်ထပ်မှာလားဟင်"

"ပေါက်ကတေ သူ့လိုစီလီကွန်တေပြည့်နေတဲ့သူကိုယူစရာလား ယူမယ့်ယူကလေးကိုပဲယူမှာ"

"ဗျာ!"

"မဗျာနဲ့အတည်ပြောနေတာ နောက်တခါသူများပြောလိုက်တာတေကိုမှတ်ထားပီးအတည်လို့ထင်မနေနဲ့ ကြားလား မဟုတ်ရင်ကိုယ်ကမင်းကိုရိုက်ပီးအပြစ်ပေးပစ်မှာ"

"ဟင်!"

"ဟုတ်တယ် တင်ပါးကိုလက်ဝါးနဲ့ခပ်နာနာလေးရိုက်ပီးအပြစ်ပေးပစ်မှာ"

"မပေးပါနဲ့"

"အဲ့တာဆိုကိုယ့်စကားနားထောင်"

"ဟုတ်ကဲ့"

>>>>>>>>>>

ring ring

"ဟယ်လို"

"ဟယ်လို ချွမ်ကော~~"

"ကျစ်!"

"အိုးဟို ဘယ်လိုဖြစ်လို့လဲချွမ်ကော ရှင်းရိကိုမလွမ်းဘူးလားလို့"

Save Him(Completed)Where stories live. Discover now