ဘင်း(Arc -7.3)

6K 586 7
                                    

<Unicode>
"ဒါကဘယ်ကပြန်လာတာလဲ"

"သူငယ်ချင်းတေနဲ့shoppingထွက်တာ"

"ဒေါင်း ငါနင့်ကိုပြောပေါင်းလဲမနည်းတော့ဘူး အသုံးဖြုန်းလျှော့ဆိုနေ ဒီလထဲနင်သုံးတာဘတ်ဆယ်သိန်းလောက်ရှိနေပီ"

"အို မာမီကလဲ ဒေါင်းသူငယ်ချင်းတေဆိုတစ်ပတ်နဲ့ဆယ်သိန်းသုံးကြတာကို"

ဒင်ရန်သူ့သမီးရဲ့စကားကြောင့်ခေါင်းကိုက်သွားသည်။

"သူများကိုလိုက်မပြောနဲ့ ဟဲ့ ငါတို့ကဒီအိမ်ကိုတရားဝင်ပိုင်ထားတာမဟုတ်ဘူးအဲ့တာကိုနင်နားလည် ငါ့မှာတော့ဟိုကောင့်ရှေ့နေကိုဖားရတာမောလှပီ အမေကိုဘယ်လိုကူညီမလဲမတွေးဘူးအားနေအလေပဲလိုက်နေ"

လုံရဲ့မိဘတေကသူတို့မဆုံးခင်သေတမ်းစာရေးထားပီးဒီအိမ်အပြင်ပိုင်ဆိုင်မှုအကုန်လုံးကိုပါစိတ်ချရတဲ့ရှေ့နေဆီအပ်ထားကာလုံအသက်၂၀ပြည့်တာနဲ့ပေးရန်စီစဉ်ထားခဲ့တာဖြစ်သည်။တစ်ချိန်ချိန်သူတို့ရုတ်တရက်မရှိတော့တဲ့အခါသူတို့သားလေးရဲ့နောင်တေအတွက်ကြိုစီစဉ်ခဲ့တာပင်။

ထိုရှေ့နေကအိမ်ရှင်အပေါ်သိပ်ကိုသစ္စာစောင့်သိတာမို့သူတို့လွယ်လွယ်နဲ့သိမ်သွင်းလို့မရမှန်းသိတာကြောင့် လုံကိုဗန်းပြ၍သာအိမ်ပေါ်တက်နေရတာပင်။ဒီကြားထဲအဲ့ရှေ့နေကောင်ကလုံရဲ့အခြေနေကိုလာလာကြည့်တတ်သေးသည်။အဲ့နေတေဆိုသူတို့ကလုံကိုသိပ်ချစ်ပီးဂရုစိုက်ဟန်ဆောင်တတ်ကြသေးသည်။

"မာမီဒေါင်းကိုဆူမယ်ဆိုရင် ဒေါင်းအခန်းထဲသွားတော့မယ် အရမ်းနားညီးတယ်"

"အော် အေး အေး ကြွ!ကြွ! ငါကြံလို့ရရင်ဒင်းတို့ပဲကောင်းစားကြမှာ ဒီမိန်းမကြီးကပဲအစဆုံးလုပ်နေရတယ်!မပြောလိုက်ချင်ဘူး"

"မပြောချင်လဲမပြောနဲ့မာမီရာ သွားနားပီ အော်ဒါနဲ့လေ"

"ဘာတုန်း ပိုက်ဆံထပ်တောင်းမယ်ဆို တစ်ခွန်းမှမဟနဲ့"

"မတောင်းပါဘူး ဟိုအောက်ကခြံထဲကလူသစ်လေးကဘယ်သူလဲ"

"အဒေါ်ကြီးရဲ့တူတဲ့ ဒီမှာအလုပ်လုပ်မလို့ နင်ကဘာလုပ်ဖို့လဲ"

Save Him(Completed)Where stories live. Discover now