လီမင်(Arc -4.2)

7.9K 671 43
                                    

<Unicode>
ဟန်ယောင်းနိုးလာတော့ ပထမဆုံးမြင်လိုက်ရတာက တောင့်တင်းနေတဲ့ရင်အုပ်ကြီးတစ်ခုပင်။ဟန်ယောင်းလန့်ဖြန့်သွားပီး ကုန်းထပေမယ့်ထိုလူကသူ့တကိုယ်လုံးကိုရေဘဝဲတစ်ကောင်ရဲ့လက်များလို ရစ်ပတ်ထားတဲ့ထိုလူကြောင့်အသက်ရှူပင်ကြပ်လာသလိုပင်။

ဟန်ယောင်းအခြေနေများကိုနားမလည်နိုင်ဖြစ်ကာအသည်းသန်စဉ်းစာပေမယ့်ဘာမှစဉ်းစားမရ။

*ဟန်ရှင်းရော ဘယ်ရောက်နေပီလဲ ဒုက္ခပါပဲ ဒီနေ့သူsparသွားဖို့ငါလိုက်ပေးရမှာ နောက်ကျနေရင်ငါ့ကိုဆူတော့မှာပဲ*

ဟန်ယောင်းအတင်းရုန်းကန်နေပေမယ့်ဖက်တွယ်ထားတဲ့လက်များကအနည်းငယ်တောင်ပြေလျော့သွားခြင်းမရှိပေ။

"အဟင့်!"

လီမင်အစကတည်းကနိုးနေတာပါ။သူလေးဘာလုပ်မလဲသိချင်တာကြောင့်တမင်မဖယ်ပေးပဲစနေခြင်းသာ။သို့ပေမယ့် သူလေးကထငိုတာကြောင့်သူ့မှာစိတ်ပူသွားရသည်။

"ကလေး ဘာလို့ငိုနေတာလဲ တိတ် တိတ်"

"အဟင့် လွှတ်ပေး"

"ok ကိုယ်လွှတ်ပေးမယ်နော် မငိုနဲ့တော့"

လီမင်လွှတ်ပေးလိုက်တော့ကုန်းရုန်းထကာသူ့ကိုကြည့်လာသည်။ထို့နောက်မျက်လုံးလေးပြူးသွားကာ..

"အ အကိုလီမင်!"

"အင်း ကိုယ်ပါ"

"ဟင့်!"

ဟန်ယောင်းကအပေါ်ပိုင်းဗလာဖြစ်နေတဲ့လီမင်ကိုကြည့်လိုက် သူ့ကိုယ်သူငုံ့ကြည့်လိုက်နဲ့အလန့်တကြားဖြစ်နေပီး မကြာပါဘူး....

"ဟင့်အင်း!အူးဝါးး ဘာတေ ဘာတေဖြစ်သွားတာလဲ အီးဟီး"

"ကလေး မငိုနဲ့လေကွာ မျက်လုံးတေစပ်နေမှာပေါ့"

"အ အကိုလီမင် ယောင်း ယောင်းဘာအမှားတေလုပ်မိပီလဲဟင်"

"အမှား?"

လီမင်ကဟန်ယောင်းအပြောကြောင့်တစ်ခုခုကိုသဘောပေါက်သွားသည်။သူလေးကတစ်ခုခုကျူးလွန်သွားပီထင်နေတာပဲ။

*အဟက် ချစ်စရာလေးကွာ*

လီမင်အစကတော့အမှန်တိုင်းပြန်ရှင်းပြလို့လုပ်လိုက်ပေမယ့် မကောင်းတဲ့အကြံလေးကထွက်ပေါ်လာတာကြောင့်..

Save Him(Completed)Where stories live. Discover now