ကားဗတ် (Arc -3.5)

7.8K 653 3
                                    

<Unicode>
ကားဗတ်အခန်းထဲဝင်ဝင်ချင်းခေါင်းတည့်တည့်ကိုမိုးကြိုးပစ်ချလိုက်သလိုပင်။ဆူဇီက မွန်းရဲ့အရုပ်လေးကိုbath tubeထဲထည့်နှစ်ထားတာပင်။

"ဒါလင်!"

"တောက်စ်!*သာမ!"

ဖြောင်း....

အားပြင်းလှတဲ့ရိုက်ချက်ကြောင့်ဆူဇီမျက်နှာဟာလည်ထွက်သွားပီး ဘေဇင်နဲ့ခေါင်းနဲ့ဆောင့်မိကာလဲကျသွားတော့သည်။ကားဗတ်အရုပ်ကိုအမြန်ရေထဲမှဆယ်လိုက်တော့ အနားတွင်ဝုန်းကနဲပေါ်လာတဲ့မွန်းလေး။

"အဟွတ်!အဟွတ်!"

"ကလေးလေး!"

"အဟွတ် ကိုကိုလေး အီးဟီး မွန်းကြောက်တယ် သူက သူက မွန်းကိုရေနှစ်တယ် ဟီးး ကိုကိုလေး..."

"မွန်းလေးရယ် ကိုယ့်ကလေးလေးရယ် ကိုယ့်ကိုသာသတ်လိုက်ပါတော့ကွာ မင်းလေးကိုမကာကွယ်နိုင်ခဲ့တဲ့ကိုယ့်ကိုသာသတ်ပစ်လိုက်ပါတော့ကွာ အားး!!!"

ရေမွန်းထားလို့နီရဲနေတဲ့နှာသီးနဲ့မျက်ဝန်းလေးတေက ကားဗတ်အတွက်တော့မီးတောက်တစ်ခုလိုပင်လောင်မြိုက်စေသည်။

"ကိုကိုလေး!"

"ကိုယ်ကိုသတ်လိုက်ပါ!ကိုယ့်အပြစ်တေပါကွာ အားး ဟားး!!"

"ကိုကိုလေး စိတ်လျှော့ပါ အဟွတ်!မွန်း ဘာမှမဖြစ်တော့ပါဘူး"

အသက်တောင်မနည်းလုရှူနေရတဲ့ကလေးငယ်က သူ့ကိုစိတ်မပူစေချင်လို့ဘာမှမဖြစ်ပါဘူးလို့ လိမ်ပြန်တယ်။တုံးလိုက်တဲ့ကောင်လေး အဲ့လိုဖြူစင်မှုလေးတေကကိုယ့်ကြောင့်အထပ်ထပ်ခါခါ နာကျင်မှုတေအဖြစ်ပြောင်းသွားခဲ့ရတာကိုတောင်မှလေ။

"ကိုယ့်ကလေးရယ် ကလေးရယ် ဟားး!"

"ကိုကိုလေး မငိုပါနဲ့ ကိုကိုလေးငိုရင်မွန်းရင်ဘတ်ကမခံနိုင်လောက်အောင် အောင့်တယ် ဟင့် မငိုပါနဲ့"

"အင်း ကိုယ်မငိုတော့ဘူးနော်ကလေး ကလေးလဲမငိုနဲ့တော့ ကိုယ့်အချစ်ရယ် ကိုယ့်ကိုဖက်ထားပေးပါလားကွာ ကိုယ် ကိုယ်အရမ်းနာကျင်တယ်"

"ကိုကိုလေး"

လက်သေးသေးလေးတေကသူ့ပါးပြင်ကမျက်ရည်တေကိုဖွဖွလေးသုတ်ပေးကာ ကြင်ကြင်နာနာထွေးပွေ့လာသည်။ကားဗတ် မွန်းလေးရဲ့ရင်ခွင်လေးထဲဝင်ကာခါးကိုကျိုးကြေမတတ်ပြန်ဖက်ထားမိသည်။

Save Him(Completed)Where stories live. Discover now