မုဟန်(Arc -2.1)

9.8K 819 0
                                    

<Unicode>
"ရွှတ်"

မျက်စိရှေ့မြင်နေရတဲ့ပါးမို့မို့လေးကိုအနမ်းခြွေလိုက်မိတော့ စုန့်ရီကအခုမှသူ့ကိုပြန်သတိထားမိပီး ပေါင်ပေါ်ကပြေးဆင်းလိုက်သည်မှာသူပင်မဆွဲလိုက်မိ။

"အ အရှင် ကျနော်ကလေ ကျနော် ဟို"

"စုန့်စုန့် မကြောက်နဲ့တော့ လာကိုယ့်ဆီပြန်လာ"

"ဟင့်အင်း"

"ကိုယ်ဘာမှမလုပ်ပါဘူး ကတိပေးတယ်နော်"

မဝံမရဲလေးလှမ်းကြည့်နေတဲ့စုန့်ရီကသူ့ကိုမယုံမှန်းသိသည်။သို့သော် မလာပဲလဲမနေရဲတာကြောင့်အနားကိုဖြည်းဖြည်းချင်းတိုးလာတော့တယ်။အနားရောက်လာတဲ့သူလေးကို လက်ကနေဆွဲျလိုက်တော့ပေါင်ပေါ်ထိုင်ရက်သားကျလာပီး လန့်သွားဟန်ဖြင့်ကိုယ်လေးတုန်တက်သွားသည်။ထို့ကြောင့်သူလေးမလန့်ရလေအောင် ကျောလေးကိုဖွွဖွလေးပွတ်သပ်ပေးလိုက်တော့...

"အရှင် ကျနော်မခိုးဘူးဆိုတာသိနေတာလားဟင်"

"အင်း"

"ငဲ့ညာပေးလို့ကျေးဇူးတင်ပါတယ် အရှင်"

"ကျေးဇူးတင်ရင်နမ်း"

"ဗျာ!"

"နမ်းလို့"

"မ မသင့်တော်ပါဘူးအရှင်"

"ကျစ် ဘာကိုမသင့်တော်တာလဲ!"

"ဟင့်!"

လေသံကအနည်းငယ်မာသွားတာကြောင့်သူလေးကလန့်သွားပီးအလျင်မြန်နမ်းလာသည်။အခုလို ယုန်သားငယ်လေးလိုကြောက်လန့်တကြားဖြစ်နေတဲ့စုန်ရီကြောင့် မုဟန်ရင်ထဲတင်းကြပ်လာသည်။

"စုန့်စုန့်"

"ဟုတ်ကဲ့"

"ကိုယ့်ကိုကြည့်"

မော့ကြည့်လာတဲ့မျက်လုံးလေးများကအရည်ကြည်လေးများဝေ့သီပီး အသတ်သေမှာကြောက်နေတဲ့ယုန်ပေါက်လေးတစ်ကောင်နှယ်။

"ကိုယ်တောင်းပန်ပါတယ်"

"!!!"

"ကိုယ်အရင်ကလုပ်ခဲ့သမျှကိုတောင်းပန်ပါတယ် ကိုယ့်ကိုအခုလိုကြောက်လန့်မနေပါနဲ့တော့နော်"

Save Him(Completed)Where stories live. Discover now