ဘင်း(Arc -7.5)

6K 583 1
                                    

<Unicode>
ဘင်းဟာလုံကိုမမှတ်မိပေမယ့်နှလုံးသားကတော့ပိုင်ရှင်ကိုမှတ်မိနေပါသည်။ဘင်းတို့ချစ်သူဖြစ်သွားတာဟာ ကြောင်ကြောင်နိုင်ခဲ့ပေမယ့်ဒီအချိန်ခနလေးအတွင်းမှာမျက်စိအောက်ကပျောက်ရင်ပင်မနေနိုင်တော့ပါ။အဒေါ်ကြီးရဲ့အကူညီနဲ့သူလေးအကြောင်းကိုတော်တော်များများသိပီးပါပီ။သူလေးကိုဒီဒုက္ခတေဆီကနေကယ်ထုတ်ပေးချင်ပေမယ့်သူ့ကိုယ်သူတောင်ဘယ်သူမှန်းမသိတာ သူဘယ်လိုလုပ်ရပါ့မလဲ။ဒါပေမယ့် အခွင့်သာတဲ့တနေ့တော့သူလေးကို ဒီအိမ်ကနေခေါ်ထုတ်သွားမည် ပီးရင်တနေရာမှာအခြေချလို့အလုပ်ကြမ်းလုပ်ကာရှာကျွေးမည်။ရိုးရှင်းတဲ့စိတ်ကူးလေးတစ်ခုပါပဲ။

••••••••••

"အကိုဘင်း~~"

"မင်း"

"ဒေါင်းလေ အကိုဘင်းကလဲ ဟင့် မှတ်လဲမမှတ်ထားဘူး"

"ဘာခိုင်းစရာရှိလို့လဲ"

"ခိုင်းစရာလား အင်းး ဘာခိုင်းရမလဲ ဒေါင်းကိုအဖော်လုပ်ပေး"

"ကျနော်မအားဘူး ဒီမှာပန်းအိုးတေရွေ့ရအုံးမှာ"

"ဟာ အဲ့တာတေထားလိုက်စမ်းပါ ဒေါင်းကိုကြည့်ပါအုံး ဒီအကျင်္ီလေးနဲ့လှလားဟင်"

ကိုယ်ကျပ်အကျင်္ီကိုပြည့်ဖြိုးနေတဲ့ရင်သားများမြင်သာအောင်ဖော်ပြပေးထားတာမို့ဘင်းတကယ်ပင်အော်ကလီဆန်လာသည်။

"မင်းအားနေပေမယ့် ငါအားမနေဘူး ငါ့နားကသွားမလား ဒီပန်းအိုးနဲ့ခေါင်းရိုက်ခွဲရမလားကြိုက်တာရွေး"

"ရှင်!ရှင်!တောက်စ်!!!"

ဒေါင်းရှက်ရှက်နဲ့ခြေဆောင့်ကာထွက်သွားတော့သည်။ထိုအခါမှဘင်းသက်ပြင်းချလိုက်ကာလုပ်စရာရှိသည်များကိုဆက်လုပ်ရတော့သည်။နောက်မှာအလုပ်တေတစ်ပုံကြီးကျန်သေးတယ် ညကျရင်ချစ်သူလေးနဲ့ချိန်းတွေ့ရအုံးမှာ ဒီနေ့သူလေးကြည့်လာတဲ့ဇာတ်လမ်းထဲမှာရော မင်းသားနဲ့မင်းသမီးကဘယ်လိုတေလုပ်ကြအုံးမှာလဲဆိုတာရင်ခုန်စွာစောင့်မျှော်နေရင်းပဲ အလုပ်ချိန်ကိုအပြုံးကြီးဖြင့်ဖြတ်သန်းရပါတော့သည်။

Save Him(Completed)Where stories live. Discover now