ဘင်း(Arc -7)

7K 571 6
                                    

<Unicode>
(ခြေထောက်ရဖို့ဆိုရင် ငါကမှတ်ဉာဏ်နေပေးလိုက်ရမှာပေါ့ အဲ့တာဆိုဘယ်လိုဖြစ်သွားမှာလဲ)

(အရာအားလုံးကိုမေ့သွားမှာပါ သူ့ကိုရောပဲ hostရဲ့မှတ်ဉာဏ်ကကယ်တင်ရှင်လူသားဖို့ရှာဖို့တစ်ခုထဲပဲမှတ်မိနေမှာ)

(.....)

(ဒါကနောက်ဆုံးကမ္ဘာဖြစ်တာကြောင့်ခက်ခဲပါတယ် ဒီကမ္ဘာမှာသူ့ကိုမမှတ်မိပဲ သူ့ကိုကယ်တင်ရမှာဖြစ်လို့ အရေးကြီးပါတယ် hostသာရှုံးသွားရင် သူ့ကိုထာဝရဆုံးရှုံးရမှာပါ)

(ငါအဲ့လိုအဖြစ်မခံဘူး!ငါ့အချစ်ကိုငါယုံကြည်တယ် သူ့ကိုရအောင်ကယ်တင်မယ်!)

(ဒါဆို ဇာတ်လိုက်ကိုကယ်တင်ပါhost)

*ဘင်းလို့ပဲသုံးပါတော့မယ်*

ဘင်းအသက်ကိုဝဝရှူလိုက်တာဆုံးဖြတ်လျက်ကိုချလိုက်တယ်။ထို့နောက်ရေသူငယ်လေးတေအား...

"ငါလုပ်မယ်!"

"သေချာရဲ့လားမင်းသားငယ်"

"အင်း"

"ဒါဆို အပေးယူအတွက်ဒီလော့ကပ်သီးပေါ်ကိုသွေးတစ်စက်ချပေးပါ"

ခရုခွံဆွဲသီးလေးကိုရှေ့တိုးပေးကာပြောလာတာကြောင့်သူ့လက်သူကိုက်ဖောက်လိုက်ကာသွေးတစ်စက်ကျစေသည်။ထို့နောက်တွင်ခရုခွံလေးကအရောင်တေထွက်လာပီးသူ့ကိုယ်ထဲစီးဝင်သွားသည်။

"ဒါလေးကိုကိုယ်နဲ့မကွာဆောင်ထားပါမင်းသားငယ် ကုန်းပေါ်ရောက်တာနဲ့မင်းသားကလူသားဖြစ်သွားပါလိမ့်မယ်"

"ကောင်းပီး"

"နောက်ပီး မင်းသားငယ် ဒီဆွဲသီးလေးကိုမပျောက်ပါစေနဲ့ ကိုယ်နဲ့ကွာသွားပီဆိုရင်အစွယ်ပြယ်ပီးနဂိုပုံစံအမြှီးပြန်ပြစ်သွားပါလိမ့်မယ် အဲ့တော့ဒါလေးနဲ့ဆွဲထားပါ"

သူ့လက်ထဲကခရုခွံလေးကိုပြန်ဆွဲယူကာကြိုးလေးဖြင့်သီပေးလေသည်။

"ကံကောင်းပါစေ မင်းသားငယ်"

ဘင်းရေအောက်မှရေပြင်ပေါ်သို့ကူးခတ်သွားလိုက်သည်။ကမ်းစပ်ကိုရောက်တော့ကျောက်ဆောင်နောက်တွင်ကွယ်ကာလောကပ်သီးလေးကိုဆွဲလိုက်သည့်တစ်ခနမှာပဲသူ့ရဲ့အမြှီးဟာအရောင်တေတစ်လက်လက်တောက်လာပီးခြေထောက်အသွင်ကိုကူးပြောင်းသွားတော့သည်။

Save Him(Completed)Where stories live. Discover now