ရှားချွမ်(Arc -6.2)

7.5K 641 19
                                    

<Unicode>
ဒေါက် ဒေါက်

ချင်းရန်အိပ်မလို့လုပ်နေတုန်းတံခါးခေါက်သံကြောင့်သွားဖွင့်ကြည့်လိုက်တော့...

"ကိုကိုလေး"

"အိပ်နေပီလား ကလေး"

"မအိပ်သေးပါဘူး ဘာလို့လဲဟင်"

"ဘာရယ်မဟုတ်ပါဘူး ဒီတိုင်း ဟို.."

အတူအိပ်ချင်လို့ပါဟုပြောမယ်စကားကရုတ်တရက်တစ်ခုခုကိုသတိရသွားတာကြောင့်မပြောဖြစ်တော့ပေ။

"ဘာဖြစ်လို့လဲဟင်"

"ဘာမှမဟုတ်တော့ပါဘူး အိပ်တော့နော်"

"ဟုတ်"

"ခန!"

"အင့်!"

ရုတ်တရက်ဆွဲဖက်ခံလိုက်ရတာကြောင့်ချင်းရန်အင့်ကနဲအသံထွက်သွားတော့သည်။ရှားချွမ်သူလေးရဲ့လည်တိုင်လေးကိုမျက်နှာအပ်ကာ သခွားမွှေးရနံ့ဟော်မုန်းလေးကိုတစ်ဝကြီးရှူသွင်းလိုက်ပီး ပြန်လွှတ်ပေးလိုက်သည်။

"good night ကလေး"

"ဟုတ် good night ပါ ကိုကိုလေး"

သူလေးကomega ကိုယ်ကalphaဖြစ်တဲ့အပြင်နှစ်ယောက်လုံးကအရွယ်ရောက်ပီးသားလူတေမို့ အတူအိပ်ရန်မသင့်တော်ပေ။သူကကိစ္စမရှိပေမယ့် အခန့်မသင့်ခဲ့သည်ရှိသော် စိတ်မထိန်းနိုင်ပဲသူလေးကိုအတင်းကြပ်မနာကျင်စေချင်ပါ။alphaဆိုတဲ့အမျိုးကစိတ်ကြွသွားရင်ထိန်းကခက်တဲ့အပြင် အင်အားလဲကြီးတော့ အင်းး စတဲ့အကြောင်းအမျိုးမျိုးကြောင့်စိတ်ကိုလွှတ်ပေးလိုက်လို့မဖြစ်ပါ။ဒီလောက်နဲ့ပဲအဆင်ပြေတာမို့ ဖြေးဖြေးချင်းပဲသွားတာပေါ့။

>>>>>>>

"ကလေး ဘာဝယ်ချင်သေးလဲ"

"တော်ပါပီ ဒီမှာအများကြီးဖြစ်နေပီ"

လိုအပ်တာတေဝယ်ပေးမယ်ဆိုပီးခေါ်ထုတ်လာကာတစ်ဆိုင်လုံးနီးပါးသိမ်းကြုံးဝယ်နေတဲ့ရှားချွမ်အားမနည်းတားနေရသည်။

"ဖိနပ် ဟုတ်သားပဲ ဖိနပ်မဝယ်ရသေးဘူးလေ"

"မလို..."

တားပင်မတားလိုက်ရပါ လက်ကိုဆွဲကာဖိနပ်ဆိုင်ထဲခေါ်သွားလေသည်။တစ်ရံပီးတစ်ရံသူ့စိတ်ကြိုက်ရှာကာ..

Save Him(Completed)Where stories live. Discover now